အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။

အဆိုပါ စစ်သုံ့ပန်းတွေနဲ့ မင်္ဂလာပွဲကို စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှာပဲ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မင်္ဂလာဆောင်ပေးလိုက်တဲ့ သတို့သားဟာ တပ်ပြေးတစ်ယောက်ဖြစ်ပြီး သတို့သမီးကလည်း စစ်သုံ့ပန်းရဲ့ သမီးဖြစ်ကာ သတို့သားဟာ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက လုံခြုံရေးအကူတပ်စုမှာ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါ မင်္ဂလာပွဲအကြောင်း ထုတ်ပြန်ချိန်ဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ပြည်သူလူထုဆီက ဝေဖန်မှုတွေ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။
အိုးတိန်တွင်းရွာကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ယောက် အပါအဝင် စုစုပေါင်း (၂၂)ယောက် သေဆုံးခဲ့ရတာပါ။

ဒါကြောင့် စစ်သုံ့ပန်းထိန်းသိမ်းရေး စခန်းတာဝန်ခံက “ယနေ့ တင်လိုက်သောပိုစ့်သည် စစ်တပ်ရဲ့ လူသားမဆန်စွာ ကလေးသူငယ်များကို သ-တ်​ဖြတ်ခြင်းခံရတဲ့ ဖြစ်စဥ်ကြောင့် တစ်နိုင်ငံလုံး ပူဆွေး ဝမ်းနည်းရတဲ့အချိန် (လုံးဝ) တိုက်ဆိုင်မှုဟာ ကျွန်တော်တို့တွေ့ရဲ့ ညံ့ဖျင်းမှု ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ Post ပြန်ဖျက်လိုက်ရင်လည်း ဒေါသဖြစ်နေသော ပြည်သူလူထုကို ပိုပြီး ဒေါသထွက်စေသလို ကိုယ်အမှားကို တာဝန် မယူသလို ဖြစ်သွားစေနိုင်လို့ post ကို မဖျက်ပဲထားရခြင်းပါ။ ကာလဒေသ မကြည့်ဘဲ တာဝန်မဲ့စွာ ဒီလို လုပ်ရပ်မျိုး နောက်နောင်မဖြစ်​စေဖို့ ကတိပေးရင်းအားလုံးကို အနူးအညွတ် တောင်းပန်အပ်ပါတယ် ခင်ဗျာ” ဆိုပြီး ပြန်လည်တောင်းပန်စာ ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

ပုံစာ – စစ်သုံ့ပန်း ထိန်းသိမ်းရေးစခန်း တာဝန်ခံနှင့် ထုတ်ပြန်ခဲ့သည့် မင်္ဂလာပွဲဓာတ်ပုံများ
0 Shares:
You May Also Like
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေ၊ ၂၂ ယောက်နဲ့အထက် ဒဏ်ရာရ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေပြီး ၂၂ ယောက်နဲ့အထက် ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

စစ်တပ်ထဲ မဝင်လျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်ခံရတာကြောင့် စစ်မှုထမ်းဆင်း စစ်သားဖြစ်လာသူ လက်နက်မဲ့ အလင်းဝင်လာ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အပတ်စဉ် ၆ စစ်မှုထမ်းဆင်း စစ်သား လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။