အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်နိုင်ငံရဲ့ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်(Press Briefing) – ၁၀/၂၀၂၅” မှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ နီးစပ်ရာညှိနှိုင်းမှုနဲ့ အကြပ်ကိုင်လို့ရတဲ့ အင်အားစုတွေကို နည်းလမ်းပေါင်းစုံသုံးအတင်းဖိအားပေး ဆွေးနွေးခိုင်းမှုဟာ အကျိုးမရှိဘဲ သွေးကွဲမှုနဲ့ တင်းမာမှုတွေကိုသာ ဖြစ်ပေါ်စေနိုင်ပြီး NUG အနေနဲ့ ဖိအားပေး အပစ်ရပ်ရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

“နိုင်ငံတနိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုတွေနဲ့ အကြပ်ကိုင်လို့ရတဲ့ အင်အားစုတွေကို နည်းလမ်းပေါင်းစုံသုံး အတင်းဖိအားပေး ဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု နည်းလမ်းကို အသုံးပြုခြင်းဟာ ရေရှည်အတွက် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေကာ တိုင်းရင်းသား အင်အားစုတွေအချင်းချင်းကြား သွေးကွဲမှု၊ တင်းမာမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စုစည်းညီညွတ်တဲ့ ကြိုးပမ်းမှုမျိုးကို လမ်းဖွင့်ထားပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
လတ်တလော ဟန်ပြ အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ အကြမ်းဖက်စစ်အုပ်စုက ကိုယ်တိုင်ပဲ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေပြီး စစ်အုပ်စုကြေညာထားတဲ့ အပစ်ရပ်ကာလအတွင်းမှာတောင် စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃၃၄ ယောက် သေဆုံးခဲ့တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မနေ့ကလည်း ဒီယဲယင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူ အယောက် ၂၀ နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်က နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို အချို့နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းစာချုပ်တွေ ချုပ်ဆိုလုပ်ကိုင်နေတာက မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထု သာမကဘဲ ဒေသတွင်းနိုင်ငံများနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် မြန်မာလူထု၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထား တုံ့ပြန်ဆောင်ရွက်ကြဖို့လည်း ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။

ပုံစာ – NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နှင့် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒီပဲယင်းမြို့နယ်စာသင်ကျောင်းမှ ကလေးငယ်အချို့
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီး ပကဖ တပ်သားသစ်များခေါ်ယူနေ

စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) က စစ်သားများကို ရာထူးတိုးပေးပြီး စစ်တပ်ထဲမှ မထွက်ရန် စည်းရုံးမှု စတင်…

မကြာမီ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တော့မယ့် အပတ်စဉ် (၁) င စစ်မှုထမ်းတပ်သားတွေကို ရာထူးတိုးပေးပြီး တပ်ထဲကနေ မထွက်ခွာဖို့ စည်းရုံးရေးအတွက် အကြမ်းဖက်စစ်တပ်က စတင်လုပ်ဆောင်နေပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ စစ်မှုထမ်း အပတ်စဉ် (၁) တွေဟာ လာမယ့် ဧပြီလမှာ ၂နှစ်ပြည့်မှာ ဖြစ်ပြီး အဲဒီတပ်သားတွေကို တစ်ဆင့်မြင့်တဲ့ ရာထူးဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲထူးချွန်တွေကို ရာထူးပေးလာတာတော့ တွေ့ရတယ်။ အပတ်စဉ် (၁) ကနေ စပြီးတော့ အပတ်စဉ် (၁၄) လောက်ထိ ရှိတယ်ပေါ့နော်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ  96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။