မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က မေလ ၁၂ ရက်၊ မနက် ၁ နာရီ ဝန်းကျင်အချိန်မှာ အဆိုပါ လယ်မရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဝင်ရောက်စီးနင်းခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း လယ်မကျေးရွာသားတွေဖြစ်တဲ့ မှိုင်းဝေ ၁၃ နှစ်၊ သျှန်ထွန်း ၁၂ နှစ်၊ သီဟလင်း ၁၅နှစ်၊ မျိုးသီဟ ၁၅နှစ်၊ ကျော်စန်းခိုင် ၂၄နှစ် ၊ သက်ပိုင်ဦး ၂၃နှစ်၊ အောင်ကြည်မင်း ၃၉နှစ်၊ နေလင်းဦး ၂၅နှစ်၊ ညီလေး ၂၇နှစ်၊ ဂျွန်ဂိုဝင်း ၁၉နှစ်နဲ့ ကျော်မြတ်သူ ၁၉ နှစ်တို့ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ သေဆုံးသူတွေကို မသတ်ဖြတ်ခင် ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူတွေကို သတ်သွားတာကတော့ တနေရာတည်းမှာ သတ်သွားတာလို့ ပြောလို့ရတယ်။ ၃ယောက်ကတစ်နေရာ ကျန်တဲ့အလောင်းတွေက တလောင်းနဲ့တလောင်း ဘယ်လောက်မှမကွာဘဲ သတ်သွားဝာာ။ ကလေးတွေကိုတော့ သေနတ်နဲ့ ပစ်သတ်သွားတာ။ လူကြီးတချို့ကတော့ အနားမှာ ကြိုးတွေလည်း တွေ့ရတယ်ဆိုတော့ ကြိုးတုပ်နှိပ်စက်ပြီးမှ သတ်သွားတာလို့ ယူဆရတယ်။ ပြည်သူတစ်ယောက်ကတော့ ဓားနဲ့ထိုးသတ်သွားတာကို တွေ့ရတယ်။ ညက ရွာထဲဝင်လာတော့ စခစစ်ကြောင်းနဲ့အတူ ဂန့်ဂေါမြို့နယ် ပြည့်ဝ(ပြစ်မ)ရွာမှ ပျူစောထီးတွေ ဖြစ်ကြတဲ့ စိန်ဘိုတင့်နဲ့ ဖိုးတောပါဝင်ပြီး လယ်မရွာမှ ဂန့်ဂေါမြို့တွင်ရောက်ရှိနေ‌သူ ပျူစောထီး ထွန်းထွန်းအောင်တို့လည်းပါတယ်” လို့ ရွာခံတစ်ယောက်က ဆိုပါတယ်။

အဲဒီနောက်မှာ ကျေးရွာအတွင်းက ပြည်သူ ၂၃ ယောက်ကိုလည်း ဖမ်းဆီးကာ ပြည့်ဝရွာ အမြှောက်တပ်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

“ဘယ်လိုမျိုးလဲဆိုတော့ ရည်ရွယ်ချက်ရှိရှိ ရွာထဲဝင်ပြီး သူတို့လိုချင်‌တဲ့ သူတွေအိမ်ကို ဝင်ဆွဲတဲ့သဘောပါဘဲဗျ။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဖမ်းခံရသူတွေလည်း ပြန်မလွတ်သေးဘူး။ ဖမ်းဆီးခံရသူတွေက ၁၆ နှစ်ကနေ ၃၅ နှစ်အတွင်း ပြည်သူတွေပါပဲ” လို့ ယောအလင်းတန်းအဖွဲ့မှ ကိုဘကောင်းက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ၁၃ယောက်ကို မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ၁၀ ယောက် (အမျိုးသား ၇ယောက်၊ အမျိုးသမီး ၃ယောက်) ကိုတော့ ဂန့်ဂေါမြို့နယ် ခလရ ၅၀ တပ်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်အချို့ကို ခရိုင် ပကဖက ဆေးဝါးထောက်ပံ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းတာဝန်ခံနဲ့ ပကဖရဲဘော်​တွေဟာ (၅) နှစ်အောက် ကလေးသူငယ်တွေ အရေးပေါ်ဖျားနာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး စစ်ရှောင်အချို့အတွက် ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ စစ်ကောင်စီက မထိန်းချုပ်နိုင်လို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့

စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိလို့ မှန်ကန်မှု မရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။