ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာ ရောက်ကြဲ ချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ (၁၂)ရက် ညသန်းခေါင်ကျော်အချိန် မန်တုံမြို့ရှိ အောင်ချမ်းသာရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂) လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် (၂၇)လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းငေါ့မြို့ရှိ တာလုံရပ်ကွက် စာသင်ကျောင်းအနီး မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကလည်း နောင်ချိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီဟာ TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်ကနေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ကြောင်း TNLA က တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

နောင်ချိုမှာ ဟန်ပြအပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ခြေလျင်စစ်ကြောင်းများ အသုံးပြုပြီး ထိုးစစ်ဆင်နေ၊ သရက်ချိုကျေးရွာရှိ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် (၅) နှစ်အရွယ် ကလေးငယ်အပါ ဒေသခံ (၄) ဦး သေဆုံး

မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေးကာလ ဟန်ပြ ထပ်မံတိုးမြှင့်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းအပါအဝင် လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မြို့မှ ထွက်လာသည့်စစ်အုပ်စု ယာဥ်တန်း တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၂ ဦးနှင့် ပျူ အယောက် ၄၀ ခန့် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

မြင်းခြံတွင် တစ်ရက်တည်းတိုက်ခိုက်ရေး နှစ်ကြိမ်ဖော်ဆောင်၊ အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံး

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မြင်းခြံမြို့မှာ Myingyan Black Tiger မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနဲ့အတူပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက်နေ့ တစ်ရက်တည်းမှာ တိုက်ခိုက်ရေးနှစ်ကြိမ်ဖော်ဆောင်လိုက်ပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံး သွားတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။