စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကြားနေတဲ့ ကလေးငယ်နဲ့ ဆရာမတွေ သေဆုံးခဲ့ပုံကို CDM ကထိကဒေါ်ရတီအုန်းက လေကြောင်း တိုက်ခိုက်မှုအပြီး စာသင်ကျောင်းကို သွားရောက်ပြီး မြေပြင်ကွင်းဆင်းပြောပြခဲ့ပါတယ်။

မေလ ၁၂ ရက် မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက်သေဆုံးခဲ့ရပါတယ်။

Video-Radi Ohm

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ပျောက်ဆုံးနေသည့် တိုက်လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီက ပျောက်ဆုံးနေကြောင်း ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ် ဖား‌ဆောင်းမြို့နယ်အတွင်းမှာ အပျက်အစီးတွေနဲ့တကွ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
Read More

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရင်း တရုတ်ရဲ့ စစ်သင်္ဘောနှင့် ကမ်းခြေစောင့်သင်္ဘော အချင်းချင်း တိုက်မိ (ရုပ်/သံ)

အငြင်းပွားနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရာ တရုတ်ရဲ့ စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘောတို့ အချင်းချင်းတိုက်မိခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ်က သြဂုတ် ၁၁ ရက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြခဲ့ပါတယ်။ 
Read More

MNDAA ၏ စစ်သုံ့ပန်းဘဝမှ လွတ်မြောက်ပြီး စစ်ကိုင်းတိုင်းမှူးဖြစ်လာသူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးစီးနင်းလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ တိုင်းမှူး မျိုးမင်းထွေး စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ၅ စီးယာဉ်တန်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ရိက္ခာအတွက် အစားအသောက်ခိုးယူနေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ PDF တပ် ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့ပေါ်က တပ်မ ၆၆ တပ်သားတွေပါဝင်တဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။