မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက် နေ့လယ်ပိုင်းမှာ ဆုံရွာပျူစခန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေ နားနေတဲ့ နေရာနဲ့ ဂျန်မာစက်ထားရှိတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

ပျူစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး MDF ဒရုန်းတပ်ဖွဲ့ရဲ့ Fixed Wings ဒရုန်း ၁ စီးနဲ့ ပျက်စီးဆုံးရှုံးခဲ့ရသလို မဟာမိတ်တပ်ဖွဲ့ရဲ့ လက်နက်ကြီး ပြောင်းကွဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Myaung Drone Force M.D.F ဒရုန်း ကျားခင်စိန်တပ်ဖွဲဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်(MNGF)၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGN)၊ SMK Group၊ Aung San’s Blood Civilians Defense Force(ABCDF)၊ နယ်စည်းမခြားလက်နပ်ကြီးတပ်ဖွဲ့၊ T.G.Y.R ပြောက်ကျားတပ်ဖွဲ့၊ ဇဥ်ယော်နီပြောက်ကျားတပ်ဖွဲ့၊ Revolutionary Air Force (Myaung) ၊အားမာန်သစ် (ငါန်းဇွန်)နဲ့ ဧရာမြွေးပွေး တပ်ဖွဲ့ (ငါန်းဇွန်) တို့ ပူပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖိလစ်ပိုင်တွင် ပြင်းအား ၆.၉ ငလျင်လှုပ်ခတ်မှု လူအများအပြား ထိခိုက် သေဆုံး (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံမှာ မနေ့ညပိုင်းက ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့ရပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီး ဒဏ်ရာများ ဆေးကုဖို့ နောက်တန်းပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲအများအပြားကို တိုက်ခိုက်ပြီး ‌နောက်တန်းပြန်လာကာ ဆေးဝါးကုသမှုခံယူတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်နဲ့ နာမကျန်းဖြစ်နေတဲ့ ရဲဘော်အချို့ကို ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတွေက လှိုက်လှဲကြိုဆိုဂုဏ်ပြုခဲ့ကြ တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ် (ရုပ်/သံ)

ယောဒေသရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

KNU-KNLA-တပ်မဟာ(၆)နယ်မြေမှထွက်ပြေးလွတ်မြောက်လာသည့် ခမရ (၅၅၈) တပ်သား- မောင်ဖိုးကျော် ၏ပြောကြားချက် (ရုပ်/သံ)

''အသက်က (၃၅)နှစ်ပါ။ စပါးရိတ်တဲ့အလုပ်လုပ်ပါတယ်။ အုန်းသီးလည်း လိုက်ခူးပါတယ်။ ညနေပိုင်း အိမ်မှာ အိပ်နေတုန်း လာခေါ်တာပါ။ ရဲစခန်းရောက်တော့ အချုပ်ထဲမှာ ၄ရက်၊ ၅ ရက်လောက် ထည့်ထားပြီးတော့ မှတ်ပုံတင်လုပ်ပေးပါတယ်။ ပြီးတော့ စုဆောင်းရေးကို ပို့လိုက်ပါတယ်။ . . . သူတို့က ကျွန်တော်တို့ကို တန်းစီသတိဆွဲခိုင်းပါတယ်။ ပြီးတော့ ထိုးတာ ရင်အုံတွေချည်းထိုးတာ။ လက်ညောင်းသွားရင် တုတ်အစိုနဲ့ ချပါတယ်။ ကျွန်တော်တို့ တစ်ပတ်လောက် ထမင်းမစားနိုင်ဘူး''
Read More

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်ပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြန် (ရုပ်/သံ)

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင်ရေးနဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနက အများပြည်သူများသိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။