စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးမှာ ပါ၀င်လျက်ရှိတဲ့ မွန်လူငယ်တွေ စုစည်းကာ အခု စက်တင်ဘာလအတွင်းမှာ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လို့ New Rehmonnya Federated Force ကနေ သိရပါတယ်။
ဆွေးနွေးပွဲမှာ မွန်ပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ လူသားချင်းစာနာမှု အခြေအနေတွေကို အဓိကထားကာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲ‌ဒီနောက် ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေမှာ တော်လှန်ရေးအစုအဖွဲ့ အသီးသီးကြား ပိုမို ချိတ်ဆက်မှုအားကောင်းလည်စေဖို့ မွန်လူငယ်တွေ့ဆုံပွဲမှာ ဘုံသဘောတူညီချက် ၄ ချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။
“ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။” လို့ NRFF တာ၀န်ခံ မင်းသံလွင်က မောင်းကိုပြောပါတယ်။
ရရှိလာတဲ့ သဘောတူညီချက်တွေမှာ မွန်ပြည်တော်လှန်ရေး အစုအဖွဲ့ အားလုံးပါ၀င်တဲ့ မွန်လူထုကို ကိုယ်စားပြုတဲ့ အစိုးရတရပ်ကို အမြန်ဆုံးဖွဲ့စည်းရန်၊ မွန်ပြည်နယ်အတွင်း လက်နက်ကိုင်အစုအဖွဲ့တွေ တပ်ပေါင်းစုအသွင်ပြောင်းကာ ဟန်ချက်ညီညီ လုပ်ဆောင်သွားရန်၊ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူလူထု အပါအ၀င် အစုအဖွဲ့ အသီးသီးက ဆန့်ကျင်တော်လှန်ကြရန်၊ မွန်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို စနစ်တကျချိတ်ဆက်ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါ၀င်ခဲ့တဲ့ အစုအဖွဲ့တွေကတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူငယ်ကိုယ်စားလှယ်၊ ရာမညဖက်ဒရယ်အင်အားစုသစ်၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ်၊ မွန်ပြည်ကာကွယ်ရေးတပ်၊ ရေးပြောက်ကျားတပ်၊ ရာမည လူ့အခွင့်အရေး ဖောင်ဒေးရှင်းနဲ့ အမည်မဖော်လိုတဲ့ အစုအဖွဲ့ ၄ ခု တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူက ညီဖြစ်သူရှိရာ PDF တပ်ရင်းထံ အလင်းဝင်ကာ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်မည်

ပဲခူးတိုင်း၊ ​တောင်ငူမြို့နယ်မှာ အိမ်ပေါ်အထိ ပေါ်တာတက်ဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူက ညီဖြစ်သူရှိရာ PDF တပ်ရင်းထံ အလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း 803 တပ်ရင်းမှူး ရဲဘော်ရာမွန် က မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်မှာ လူငယ်တွေကို VPN အကြောင်းပြပြီး ဖုန်းနဲ့ငွေကြေး လိမ်လည်လုယက်မှုတွေ ဖြစ်ပွားနေ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လူငယ်တွေ ဖမ်းဆီးခံရမှုတွေ နေ့စဉ်ရှိနေပြီး စစ်တပ်နဲ့ ရဲ ဟန်ဆောင်ကာ ငွေကြေးလုယက်ခံရတာ၊ ဖုန်းလုခံနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှ ရဲဘော် ရန်နိုင်စိုး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။