ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်သားတွေ တပ်စွဲထားတဲ့ ၂၉ရပ်ကွက်၊ အားကစားခန်းမ စစ်တပ်ဂိတ်ကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၁၂ရက်၊ မနေ့က ညပိုင်းမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၂၉ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေးက အားကစားခန်းမမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာ

“ည ၁၀နာရီ ၃၅မိနစ်မှာ မိုင်း၃လုံးနဲ့ ဖောက်ခွဲခဲ့တာ ဂိတ်ကင်းထဲအထိကျလို့ ထိခိုက်မှုရှိပါတယ်။” လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

​ဖောက်ခွဲတိုက်ခိုက်မှုအပြီး မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ ပကဖတပ်ဖွဲ့ဝင်တွေလည်း ဘေးလွတ်ရာကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ခမရ ၂၁၁ဂိတ်ကင်းစခန်းကို Yangon Army အဖွဲ့က လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့သလို မေလ ၁၁ရက် ညပိုင်းကလည်း စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲရိပ်သာဝင်းမှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့သေးတယ်လို့ Rangoon Scout Network က ဖော်ပြထားပါသေးတယ်။

ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့်မိုင်းကိုတွေ့ရစဥ်
0 Shares:
You May Also Like
Read More

တောင်ဥက္ကလာပ ထွေအုပ်ရုံး ဗုံးခွဲခံရမှုအတွင်း ထိခိုက်ခဲ့သည့် ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး စံပြဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုအတွင်း ဆယ်အိမ်မှူး ၁ ယောက်နဲ့ ရဲ ၂ ယောက် ထိခိုက်ခဲ့ပြီး စံပြဆေးရုံတင်ထားရကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါတွင် ရပ်ကျေးပအဖ တာဝန်ခံ ၁ ဦး စစ်ကောင်စီနှင့် ပူးပေါင်းသွားပြီး အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ရပ်ကျေးပအဖ တာဝန်ခံကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကို ပြောပါတယ်။
Read More

ဗန်းမော် စကခ ၂၁ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA ပစ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါးနှင့် သာမဏေ ၄ ပါး အပါ အရပ်သား (၉) ဦး သေဆုံး၊ (၁၇) ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါးနဲ့ သာမဏေ ၄ ပါး အပါအဝင် အရပ်သား (၉) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မနက်ပိုင်းမှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်စဉ် စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ရိုက်မိကာ ခြေထောက်ကျိုး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်မောင်းနှင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ လေ့ကျင့်မောင်းနှင်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။