စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။

အိုးထိမ်းကွင်းကျေးရွာရှိ NUG ရဲ့ ကြားကာလပညာရေးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးတဲ့အထဲ လက်ရှိမှာ ကျောင်းသားကျောင်းသူ အပါအဝင် ကလေးငယ် ၁၁ ယောက်နဲ့ ဆရာမ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ ရရှိထားပြီး ဒဏ်ရာရရှိတဲ့ ကလေးငယ်တွေလည်း များပြားကာ ထိခိုက်သေဆုံးသူ အယောက် ၅၀ ဝန်းကျင်ခန့် ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီက သိရပါတယ်။

“ရွာမှာက စာသင်ကျောင်း ကျောင်းဆောင် ကြီးကြီးမားမားက ၁ဆောင်ပဲရှိတယ်။ အဲ့ဒါကို ဂျက်ဖိုက်တာက ဗုံးသီး ၂လုံးကြဲချသွားတာ။ ပေါင် ၃၀၀ လို့ပြောနေကြတယ်။ ကျောင်းဆောင်ကတော့ အကုန်လုံးပျက်စီး သွားတာပေါ့။ အဲကျောင်းမှာက စာသင်ခန်းက ၃ခန်းရှိတော့ ကျောင်းသား ၁၀၀ လောက်ရှိတာပေါ့။ အဲ့မှာမှ အသေအပျောက်တော်တော်များပါတယ်။ အလောင်းကောက်လို့ရတာ ၁၇-၁၈ ဦးလောက်ရှိတယ်။ ဒါတောင် တချို့အလောင်းက ခြေ/လက် မပါလာတာတွေရှိတယ်။ ကောက်လို့မရတာဆိုတာက တစစီဖြစ်သွားတဲ့ဟာပေါ့နော်။ ကျောင်းသားမိဘတွေက အသေအပျောက်လာစစ်မှ ရမယ့် အနေအထားတွေ ဖြစ်နေတယ်။ ဒဏ်ရာရသူတွေလည်း အများကြီးနေပါတယ်” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီက မေလ ၆ ရက်ကနေ မေလ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေး ဟန်ပြ ကြေညာထားပြီး နိုင်ငံတစ်ဝန်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့အပြင် ခြေလျင်စစ်ကြောင်းနဲ့ ထိုးစစ်ဆင်တာတွေပါ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကလေးဝ – ရေဦး လမ်းမကြီးနှင့် ဆက်စပ်လမ်းများတွင်လက်နက်ခဲယမ်း သယ်ဆောင်ခြင်း မပြုလုပ်ရန် ကလေးခရိုင် တပ်ရင်းများ အသိပေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်က ကလေးဝ-ရေဦးလမ်းမကြီးနဲ့ ဆက်စပ်ရှောင်ကွင်း လမ်းတွေမှာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်မရပဲ လက်နက် ခဲယမ်းသယ်ဆောင် တာတွေ မလုပ်ကြဖို့ အသိပေးထားတယ်လို့ ကလေးခရိုင် စစ်ရေးတာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်နှင့် လက်ပါးစေ PNO ပြည်သူ့စစ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၁၀၀ ခန့် ထိခိုက်သေဆုံးဟု ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီက ကျခတ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ကိုရင််ငယ် ၃ ပါးနှင့် အရပ်သား​ ၂ ဦးသေဆုံးပြီး ဥပုသ်စောင့်ဖို့လာသည့် သက်ကြီးပိုင်းများလည်း ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းက ကိုရင်ငယ် ၃ ပါးနဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။