ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ AA အခြေပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ မေလ ၇ ရက်မှာ ဆားလင်းကြီး PDF ရဲ့ ချိတ်ဆက်မှုနဲ့ မိတ္ထီလာမြို့ကနေ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာကို သွားရောက်ခဲ့ပြီး အဲ့ဒီကတစ်ဆင့် AA အဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းသွားတယ်လို့ ဆိုပါတယ်။

​ဒေါ်ဝင်းဝင်း​အောင်ဟာ ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းပြန်ဖြေရမယ့် ကျောင်းသား၊ ကျောင်းသူတွေကို အနီးကပ်သင်ကြားဖို့ မေလ ၁ ရက်မှာ ရန်ကုန်တက္ကသိုလ်ကနေ အခြားတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့အတူ မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး မေလ ၂ ရက်မှာ အထက(၂)၊ ပျော်ဘွယ်မှာ သင်ကြားပို့ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကထိက ဒေါ်ဝင်း​ဝင်း​အောင်ကို ​မေလ ၈ ရက်​​က နွားထိုးကြီး PDF ၏ ထုတ်ပြန်ချက်မှာ ​တွေ့ရစဥ်

မေလ ၇ ရက် မနက်ပိုင်းမှာတော့ ဒေါ်ဝင်းဝင်းအောင်ဟာ မိတ္ထီလာတက္ကသိုလ်ကနေ ပျော်ဘွယ်မြို့ကို မထွက်ခွာမီ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ အကြောင်းပြချက်နဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မူမူအေးဆီ ဖုန်းနဲ့ ခွင့်တိုင်ကြားခဲ့ပေမယ့် ပုံမှန်သင်တန်းဆင်းချိန်အထိ တာဝန်ကျနေရာဆီ မရောက်ရှိလာဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းခဲ့ရာ မိတ္ထီလာတက္ကသိုလ် CCTV မှတ်တမ်းအရ မေလ ၇ ရက် မနက်ပိုင်းမှာ သူနေထိုင်ရာအဆောင်ကနေ ထွက်ခွာသွားပြီးနောက် တက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း မနက်စာစားခဲ့ပြီး လက်ဖက်ရည်ဆိုင်ရှေ့ ရောက်ရှိလာတဲ့ Toyota Passo (ခဲရောင်) မော်တော်ယာဉ်ပေါ် မိမိ သဘောဆန္ဒနဲ့ လိုက်ပါသွားခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်ဝင်းဝင်းအောင်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်လူမျိုးဖြစ်ပြီး ငယ်စဥ်ကတည်းက စစ်တွေမြို့မှာ ပညာသင်ကြားခဲ့ကာ တက္ကသိုလ်ဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကာလတွေမှာ စစ်တွေမြို့ရှိ မူလတန်းနဲ့ အထက်တန်းကျောင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးလာတာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ 

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။