ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက် မနက်ပိုင်းက အင်အား ၆၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေ ကြောင်းပစ်ကူကြားထဲကနေ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းရှိ အကြမ်းဖက်စစ်သား အများအပြားသေခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ဆိုင်ကယ် ၆ စီး၊ ကား ၁ စီးနဲ့ အခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) တပ်ခွဲ (၅) ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့နဲ့ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၃) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သားများ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရကြောင်း ဖမ်းဆီးခံ စစ်သုံ့ပန်းပြောကြား (ရုပ်/သံ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 
Read More

KNDF ဗျူဟာအမှတ် -၂ မှ ရဲဘော်တွေ ရှေ့တန်းမှာ ဘယ်လိုတိုက်ခိုက်လဲ (ရုပ်သံ)

KNDF ဗျူဟာအမှတ် -၂  ရဲဘော်တွေ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့နေတဲ့ မှတ်တမ်းရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် ရိက္ခာတင်မော်တော်ကြီးတွေကို ၃ ရက်တာ တိုက်ခိုက်ချေမှုန်း၊ စစ်သင်္ဘော ၁ စီးနှင့် ရိက္ခာတင်မော်တော် ၄ စီး မီးလောင်ပျက်စီး (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ ရိက္ခာတင်မော်တော်ကြီးတွေကို ၃ ရက်တာ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သင်္ဘော ၁ စီးနဲ့ ရိက္ခာတင်မော်တော် ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများအားတိုက်ခိုက်မှု ဗိုလ် ၁ ဦးအပါအဝင် စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား တွေကိုတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့ပါတယ်။ ဒါအပြင် PDF ရဲဘော် ၂ ယောက့ ကျဆုံးခဲ့ရတယ်လို့ လည်း ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ က မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာမြို့နယ် အထက်တန်းကျောင်း တစ်ခုတွင် ကျောင်းသား အချင်းချင်းရန်ဖြစ်ပြီး ကျောင်းသား တစ်ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အထက (၁) ကျောင်းမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာကနေ နှလုံးရောဂါအခံရှိတဲ့ ကျောင်းသား ၁ ဦး သေဆုံးခဲ့ရပါတယ်။
Read More

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ Black Panther Column မှ တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးနဲ့ ချေမှုန်းရေးတပ်သားသစ်တွေ ခေါ်ယူနေပါတယ်။