ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်း – P29906 က ထုတ်ပြန်လိုက်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း ၃၀ ခန့်တွေ့ရှိပြီး စစ်သုံ့ပန်း ၆ ယောက်နဲ့ မိသားစုဝင် ၇ ယောက်တို့ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား ၅၀ ခန့် စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ခမရ ၅၉၈ ကနေ ပွိုင့် ၅ စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် ၃ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ညို စစ်ကြောင်းက ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ အမှတ် ၇၈၀၅ တပ်ရင်း၊ အမှတ် ၇၈၀၁ တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း (ဝေါ၊အင်းတကော်၊သနပ်ပင်၊ဘုရားကြီး) ပကဖ၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ အမှတ် (၂) စစ်ဆင်‌ရေးနယ်မြေ အမှတ် (၃၇၀၁) တပ်ရင်း၊ အမှတ် (၅၁၀၁) တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့တွေ၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့တွေ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေ၊ LDF တပ်ဖွဲ့တွေဖြစ်တဲ့ KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – တောင်ညိုတပ်ရင်း – P29906

0 Shares:
You May Also Like
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

CNO/CNDF အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာနောက်ဆုံးပတ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Chin National Organization က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ်မှာ လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်‌ရေး လေ့ကျင့်သရုပ်ပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကျောင်းသားကလေးငယ်တွေ လေကြောင်းအန္တရာယ် ရှောင်ရှားနိုင်ရေး လေ့ကျင့်သရုပ်ပြမှု ပြုလုပ်ပေးခဲ့တယ်လို့ ပကဖအသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် ရေလာလေးရွာရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပျောက်ကြားတိုက်ခိုက်မှု ၄ ယောက်သေပြီး ၃ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

ကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၉ ရက်က တော်လှန်ရေးရဲဘော်တွေ ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေ ပြီး ၃ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံက သိရပါတယ်။