အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြအနေနဲ့ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ဒေသတွေမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က မေလ ၁၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က TNLA ရှိရာ နောင်ချိုမြို့နယ် သရက်ချိုရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သလို မနေ့က ညနေ ၅ နာရီဝန်းကျင် အချိန်မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ TNLA တို့ ယာပြင်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မနေ့က ညနေ ၄ နာရီ ဝန်းကျင်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်၊ ဆမ္မဆယ်ရွာနဲ့ အုမ္မတီးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၇လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးနဲ့ ကား ၁ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တဲခေါ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က မနက်ပိုင်းမှာ အုမ္မတီးရွာကို ဒရုန်းအသုံးပြုပြီး ဗုံး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၃ လုံးကြဲချခဲ့သလို နောင်ချိုမြို့နယ် ၇မိုင်နဲ့ မတ်မန်းတောရွာကိုလည်း ဒရုန်းနဲ့ ဗုံး ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မေလ ၁၀ ရက် မနေ့က ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ်ကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ကြိမ် လာရောက်တိုက်ခိုက်သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မေလ ၁ ရက်နေ့မှာ အပစ်ရပ်ကာလ ၁ လ သက်တမ်းတိုးထားသလို စစ်ကောင်စီကလည်း အပစ်ရပ်ကြောင်း ဟန်ပြကြေညာထားပေမယ့် လက်တွေ့မှာတော့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Zomi Federal Union – ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်​မြောက်ဖို့အတွက် တိုက်ပွဲဝင်ဖို့ တည်ထောင်ခဲ့တဲ့ Zomi Federal Union - ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

PDF ယူနီဖောင်းဝတ် ပုံမှားရိုက်လာသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များမင်းကွန်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်များ ကင်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ PDF ယူနီဖောင်းဝတ်ပြီး စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရတနာပုံတပ်ဦး (LPDF) စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲဥပဒေသစ်ကြောင့် ပြည်သူ (၃၀၀) နီးပါး ဖမ်းဆီးခံထားရပြီး ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်ခံနေရ

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ပြည်သူ့ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မပြဌာန်းခဲ့တဲ့ "ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်သည့် ဥပဒေ" ဆိုတဲ့ မတရားဥပဒေကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်ကာ ဒီကနေ့အထိ ပြည်သူအမြောက်အမြား ဖမ်းဆီးအရေးယူခံထားရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) ကဆိုလိုက်ပါတယ်။
Read More

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းတို့တွင် ငလျင်ကြောင့် သေဆုံးသူ ၄၄ယောက်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းက မြို့နယ် ၃ခုမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၄၄ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အဦး၊ ဘုရားကျောင်းကန်တွေ ပြိုကျပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။