စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။

နဂါးဖြူတပ်ရင်း နှင့်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များရဲ့ ခမရ ၅၉၈ စခန်းသိမ်းရုပ်သံဖိုင်လို့ အမည်တပ်ထားတဲ့ အဆိုပါရုပ်သံကို ခမရ ၅၉၈ တပ်ရင်းဌာနချုပ် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က သတင်းထုတ်ပြန်ခဲ့အပြီး ဒီကနေ့ညမှာ ထွက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များက မေလ ၈ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးကာ၊ လက်နက်အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့နယ်အတွင်း တိုင်းအဆင့်ရဲမှူးလိုက်ပါစီးနင်းလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုင်းအဆင့် ရဲမှူး စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

မန္တလေးတွင် သားအမိ ၃ယောက်ကို ဓားဖြင့်ရွယ်ကာ ဆိုင်ကယ်လုယက် (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ သားအမိ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က လုယက်ခဲ့ကြောင်း ဒေသခံအမျိုးသမီးက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်သေပြီး ၇ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်သေပြီး ၇ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ Falcons Guerilla Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။