မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သွားရောက်ကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ကျေးရွာ ၂ရွာက ပြည်သူနေအိမ် ၁၅၇ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပျက်စီးခဲ့တဲ့ မီးဘေးသင့် စစ်ဘေးရှောင် ၁၅၇ အိမ်ထောင်အတွက် အိမ်ထောင်စု ၁ ခုကို ဆန် ၄ပြည်နှုန်းနဲ့ စုစုပေါင်း ဆန်အိတ် ၂၉ လုံးခန့်ကို စလင်း ပကဖ တာဝန်ခံအသီးသီးနဲ့ ရဲဘော်တွေက သွားရောက်ထောက်ပံ့ပေးကာ အားပေးစကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘေးသင့်ပြည်သူတွေအတွက် သောက်သုံးရေ၊ ရိက္ခာ၊ ခြင်ထောင်နဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ လိုအပ်ချက်ရှိနေတာကြောင့် ဆက်သွယ်ကူညီပေးကြဖို့လည်း စလင်း ပကဖ က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ရာ မြို့နယ်မှူး တဦးအပါ ၈ ဦး သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိ

အတုအေယာင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ယင်းမာပင်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

ယင်းမာပင်မြို့နယ်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူတွေ သိရှိနိုင်ဖို့  လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပတ်သည့် စစ်ကောင်စီတပ်နှင့် ပေါ်တာဆွဲသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ…

"ဒီကောင်တွေ ပြည်သူတစ်ယောက်ကို ပေါ်တာဆွဲပြီး လက်ပံတန်းရဲစခန်းကို ပြန်လာကြတာပါ။ ဘယ်ရွာထဲဆိုတာကတော့ ပြောလို့မရဘူး။ ဒလန် သတင်းပေး အန္တရာယ် ရှိလို့ပါ။ ဒီလိုနဲ့ ပေါ်တာဆွဲခံရတဲ့သူကို ရှေ့ကကောင်တွေက ကားနဲ့ အရင်ခေါ်သွားတယ်။ ကျန်ခဲ့တဲ့ကောင်တွေက ဝါးပင်အောက် ၅ ယောက်လောက် စုပြီး ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်းတွေအပေါ် လာရပ်တော့ အချိန်ကိုက်ဆွဲလိုက်တာပါ။ မိုင်းက ၁ လုံးပဲ ကွဲလိုက်ပါတယ်။ မျက်စိရှေ့တင် ထိခိုက်လဲကျကုန်ပါတယ်။ " လို့ တပ်ရင်း (၃၈၀၁) တပ်ထောက်ဌာန ၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။