စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ့်အစား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ထံ အလင်းဝင်ကြဖို့ KNLA ဌာနချုပ်က သတိပေးတိုက်တွန်းလိုက်ပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ KNLA/GHQ ရဲ့ယမန်နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဓတ်ပုံအတွင်း၊ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရာမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အဆိုပါ အလင်းဝင်ဖို့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဲ့ အလင်းဝင်ရောက်ရာမှာ ကျည်ဖြုတ်ထားတဲ့ သေနတ်ကို (သေနတ်ခေါင်းကို မြေကြီးအောက်ချပြီး) နောက်ကျောမှာလွယ်ကာ လက်ဗလာနဲ့ ရောက်ရှိနေတဲ့နေရာမှ နေရပ်စွန့်ခွာပြီး ရှေ့တန်းရှိ (KNLA) တပ်ဖွဲ့ထံ တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့နဲ့ဖြစ်စေ အရောက်လာကြဖို့ တိုက်တွန်းကြောင်း ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်သားများ အထူးသဖြင့် အောင်ဇေယျ စစ်ဆင်ရေးမှာ အလဟသ အသက်စတေးဖို့ ပို့ဆောင်ခံနေရတဲ့ တပ်သားတွေအနေနဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းနဲ့အညီ အသက်ရှင်ခွင့်ရလိုပါက KNLA ထံ လာရောက်အလင်းဝင်ကြဖို့ကိုလည်း သတိပေးတိုက်တွန်းထားခြင်းဖြစ်ပါတယ်။

(ဓာတ်ပုံ KNLA GHQ)

0 Shares:
You May Also Like
Read More

ဂန့်ဂေါ မန်ကျည်းခင်ရွာကို ခလရ ၅၀ စစ်ကြောင်း အချိန်မတော် ဝင်ရောက်စီးနင်း၊ ကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် ခရီးသွား ကိုယ်ဝန်ဆောင်အမျိုးသမီးကို စလင်း ပကဖ ဆေးတပ်ဖွဲ့မှ အရေးပေါ် ကလေးမွေးဖွားပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ခရီးသွား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ခရီးသွားနေချိန် လမ်းပိုင်းတစ်နေရာမှာ အရေးပေါ် မွေးဖွားကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ အင်းတော်မှာ စစ်အုပ်စု လူသားဒိုင်းလုပ်ထားတဲ့ အရပ်သား ၃၀၀ ခန့် ထွက်ပြေးလွတ်မြောက်လာ၊ အကြမ်းဖက်စစ်တပ်လက်ထဲ အရပ်သား ၅၀၀ နီးပါး ကျန်နေသေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီရဲ့လူသားဒိုင်းလုပ် ဖမ်းဆီးခံထားရတဲ့ အရပ်သား ၃၀၀ နီးပါးထွက်ပြေးလွတ်မြောက်လာပေမယ့် တော်တော်များများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်ထား

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း ၂၂၆၇၅ ခု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။