မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

မေလ ၁၀ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ စစ်​​​ကောင်စီရဲ့ဂျက်ဖိုက်တာတွေက မြို့နယ်၂ ခုကို တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာကို နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့တာလို့သိရပြီး ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင်အရပ်သား ၅ ယောက်သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၃ယောက်ရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ အချိန်မှာပဲ သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သား ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ ယောက် ရှိခဲ့ကြောင်း သိရပါတယ်။

“အခုဆို ဂျက်ဖိုက်တာ အသံကြားတာနဲ့ ဗုံးခိုကျင်းထဲပြေးပုန်းနေရတာပါပဲ” လို့ ပြင်ဦးလွင်ခရိုင် ပကဖသတင်းတာဝန်ခံက မောင်းကိုပြောပါတယ်။

အခုလို MDY PDF အပါအဝင်ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေရာ မတ္တရာ၊ စဉ့်ကူး၊ ပြင်ဦးလွင်၊ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အရပ်သား​​​နေအိမ်တိုင်းလိုလို ဗုံးခိုကျင်းတူးထားကြဖို့လည်း ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာများ (ဓာတ်ပုံ ပြင်ဦးလွင်ခရိုင် ပကဖ)

0 Shares:
You May Also Like
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွ တိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း ၂ မှ ၂၁ နှစ်အရွယ် ရဲဘော် ၃ ဦးနှင့် ၂၃ နှစ်အရွယ် ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) တပ်ရင်း ၂ မှ ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။