ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း နယ်မြေလုံခြုံရေးအတွက် ဆိုင်ကယ်၁စီးကို အမျိုးသား၂ယောက် မစီးနင်းခိုင်းကြောင်းနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေ လိုက်ပါစီးနင်းခြင်း မလုပ်ဆောင်ကြဖို့ တားမြစ်စာတစ်စောင်ကို မေလ ၆ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ မင်းလှမြို့နယ်အတွင်းက လုံခြုံရေးစစ်တပ်ဂိတ်တွေကို ပစ်မိန့်ပေးထားတဲ့အထိ အခွင့်အာဏာပေးအပ်ထားကြောင်းနဲ့ ဒီအမိန့်ထုတ်ပြန်စာဟာ ပြည်သူတွေကိုပဲ အခက်တွေ့စေမှာဖြစ်တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ရဲနှင့် မော်တော်ပီကယ်များအား ဆိုင်ကယ်ဖမ်းဆီးထားခံရသူများနှင့် တွေ့ရစဥ် (ပုံဟောင်း)

“ဒီစာထုတ်တာ သူတို့တွေ(စခ) သေမှာကြောက်လို့ပဲနေမှာပါ။ တော်လှန်ရေးအဖွဲ့တွေက ဆိုင်ကယ်ကို ၂ယောက်စီးပြီး ပစ်နေတာမှမဟုတ်ဘဲ။ အဲ့တော့ စစ်ဆင်ရေးတွေအတွက် အနှောင့်အယှက်မဖြစ်ပါဘူး။ ပြည်သူလူထုအတွက်တော့ အခက်အခဲဖြစ်နိုင်ပါတယ်။ ဘာလို့ဆို ခရိုင်ထဲမှာ ဆိုင်ကယ်အသုံးများတယ်။ ဆိုင်ကယ်ကို၂ယောက်မစီးရဘူးဆိုတော့ အခက်အခဲတချို့ရှိလာမယ်။ ယောကျာ်းဘေး၂ယောက်စီးလာရင် ဘာမှမမေးဘဲ ပစ်သတ်ဖို့အထိ အမိန့်ပေးထားတယ်ပြောတယ်။ အဲ့တော့ ကျန်းမာရေးကိစ္စတွေအတွက် ယောကျာ်းလေးနှစ်ယောက် စီးရတာမျိုးတွေဘာတွေဖြစ်လာရင် ပြည်သူတွေအခက်အခဲ ဖြစ်လာနိုင်ပါတယ်။” လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မိုးညိုမြို့တွေဟာ တော်လှန်ရေးအားကောင်းရာ မြို့နယ်တွေဖြစ်ကြပြီး မကြာခဏဆိုသလို အကြမ်းဖက်စစ်ဒေါက်တိုင်တွေ ရှင်းလင်းခံနေရတာလည်းဖြစ်ပါတယ်။

“အခုလို ဆိုင်ကယ်၂ယောက်စီးခွင့်ပိတ်လို့ ကျနော်တို့စစ်ဆင်ရေးတွေ ဘာမှမဖြစ်ဘူး။ တိုးတောင်လုပ်သွားဦးမှာပါ။” လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်များအပါ ၂၂ ဦးထက်မနည်း သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ “တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ)၊ Yaws’ People Defense Force - YPDF ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၆) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။