အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း၊ နေပြည်တော် ၊ ပဲခူးတိုင်း ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကရင်နီပြည်နယ်တို့မှ လူဦးရေ ၈.၈၆ သန်းကျော် ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရာ သဘာ၀‌ ဘေးကိုကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ် ပကဖ တွေဟာ မြို့နယ်ပအဖ၊ မြို့နယ်ပလဖ၊ PDF တပ်ရင်းတွေ၊ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စိုးမိုးထိန်းချုပ်နယ်‌မြေအတွင်း ငလျင်ဒဏ် ကြောင့် သေဆုံးထိခိုက်သူတွေကို ရှာဖွေကယ်ဆယ်‌ ရေးလုပ်ငန်းတွေ စောလျင်စွာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ၂၉ ရက်ကစတင်ကာ ပကဖ တွေဟာ ပြင်းထန်ငလျင်ဒဏ်ကြောင့် သေဆုံးထိခိုက်သူတွေကို ထောက်ပံ့ခြင်း၊ပျက်စီးသွားတဲ့ စေတီ၊ ပုထိုး၊ ကျောင်း၊ နေအိမ်‌တွေနဲ့ လမ်းပိုင်းတွေရဲ့ အပျက်အစီးတွေကို လူအား၊ စက်ယန္တရား၊ ဆင်တွေနဲ့ ဖယ်ရှားရှင်းလင်းခြင်း၊ ငလျင်ဒဏ်ကြောင့် စား၀တ်နေရေးခက်ခဲသွားတဲ့ အိမ်ထောင်စုတွေကို ရိက္ခာ၊ ငွေကြေးထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာ၀န်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံး နေတဲ့ ပကဖ အဖွဲ့‌ တွေဟာ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရင်း ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခကျရောက်နေတဲ့ ပြည်သူလူထုရဲ့အခက်အခဲတွေကို ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဖော်ပြထားပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

လှော်ကားလမ်းဆုံက အကြမ်းဖက်စစ်တပ် ၁၀၆ ခြေမြန်တပ်ရင်း ဂိတ်ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့် - လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။
Read More

ကျောင်းသားများကို ဗုံးကြဲသတ်သည့် မြန်မာစစ်တပ်ကို ICC တွင် တရားစွဲရန် လိုအပ်ကြောင်း APHR ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့တဲ့ဖြစ်စဥ်အတွက် လက်သည်တရားခံ စစ်ကော်မရှင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားစွဲဖို့လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ (APHR) က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးရာနယ်မြေတွေမှာ ရေဘေးသင့်ပြည်သူတွေကို NUG အစိုးရက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ ရေဘေးသင့်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။