စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၅ ရက်က မြောင်မြို့ပေါ် လမ်းပိုင်းတစ်နေရာမှာ မြောင်မြို့ပေါ်ရှိ ရဲစခန်းက အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် ပစ်ခတ်မှု အချိန် ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် နေရာမှာပဲ လဲကျသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၃ ယောက်ထဲမှာ ဗိုလ်အဆင့်ရှိသူဟာ ရဲစခန်းနားမရောက်ခင် ထပ်မံသေဆုံးသွားတယ်လို့ CDSOM(ဗိုလ်စင်္ကြာ)စစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း လက်မောင်းကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA 11 သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို CDSOM( ဗိုလ်စင်္ကြာ)စစ်ကြောင်း)၊ MRF စားဖို (စစ်ကြောင်း) ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ နယ်မြေခံ (ပကဖ)၊ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မြင်တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်များ (ဓာတ်ပုံ CDSOM)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ယာယီအပစ်ရပ်ရေးဟာ BIMSTEC အစည်းအဝေး တက်ဖို့နှင့် နိုင်ငံတကာ ထောက်ခံမှုရဖို့ ဟန်ပြကြေညာချက်သာ ဖြစ်သည်ဟု KNU ပြော

ရက် (၂၀) ကြာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း  လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပစ်ချခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ်၏ ထပ်မံရရှိထားသည့် အပျက်အစီး မှတ်တမ်းဓာတ်ပုံများ၊ လေယာဥ် မြေပြင်နှင့် ထိသည့်နေရာမှ ရုပ်အလောင်း ၄ လောင်း သိမ်းဆည်ရမိခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပစ်ချခံခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ်ရဲ့ ထပ်မံရရှိထားတဲ့ အပျက်အစီး မှတ်တမ်းဓာတ်ပုံတွေကို ​ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့မှာ ထပ်မံထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အဝတ်လှန်းရင်း ကျည်ထိမှန်သေဆုံးခဲ့သူ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဆိုင်ကယ်စီးနင်းလာသူ ၁ယောက်ကို ဦးထုပ်မပါတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ရာ နေအိမ်အတွင်း အဝတ်လှန်းနေသူတစ်ယောက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း Yeasgyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။
Read More

မကွေးတိုင်းအတွင်း အရှိန်ဟုန်မြှင့် စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ဦး သေဆုံးပြီး စခန်းနှင့်လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနခွဲရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ယောက် သေဆုံးပြီး စခန်းနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် NUG အစိုးရ သတ်မှတ်၊ ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အားစိုက်ခဲ့ပေမယ့် စစ်ကောင်စီ စိုးမိုးဒေသများမှာ ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက် NUG တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ်  သတ်မှတ်ကြောင်း ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကုက္ကိုလ်မှာ ကျားဖြန့်နှိမ်နင်းရေးဆိုပြီး BGF ဖွဲ့ထားသည့် အထူးအဖွဲ့က လုပ်ငန်းခွင်တွေကို လိုက်လံရှာဖွေစစ်ဆေးနေ

စစ်ကောင်စီလက်အောက်ခံ စောချစ်သူခေါင်းဆောင်တဲ့ BGF က ကျားဖြန့်နဲ့ လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းပြီးနောက် အဆိုပါအဖွဲ့က ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ လုပ်ငန်းခွင်တွေနဲ့ လူနေထိုင်ရာ အဆောင်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။