တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။

မေလ ၉ ရက် ဒီနေ့ မနက်ပိုင်းက ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင် တပ်ရင်း ၁ PDF ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့် ကြာမြင့်ပြီးနောက် PDF ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဆီက G3 ရိုင်ဖယ် ၁ လက်၊ ကျည် ၂၀၀ ၊ ကျည်ဘောက် ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ရာထူးတံဆိပ် ၁ စုံနဲ့ ဆားဗစ်ဘားတန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ခလရ ၂၈၅ တပ်ရင်းကနေ စပူပြင်ကျေးရွာဘက်ကို လက်နက်ကြီး ၁၅ ချက် ရမ်းသမ်းပစ်ခတ်ခဲ့သလို အောက်ပေါင်းကျေးရွာက အရပ်သားပြည်သူ ၅ ယောက်ကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့က ပျူအဖွဲ့တိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင် နေလင်းအပါ ၇ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ပျူခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်းလာတဲ့ယာဉ်ကို ဧပြီ ၂၀ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေဆုံးသွားတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA သိမ်းပိုက်ထား

ဗန်းမော်အခြေစိုက် စစ်ကောင်စီ စကခ ၂၁ ရဲ့ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်သည့်မြို့ ၃ မြို့သာကျန်ရှိ၊ တီးတိန်ကို ဆက်လက်ထိုးစစ်ဆင်မည်ဟု ချင်းညီနောင် ကြေညာ

ချင်းပြည်နယ် ဖလမ်းမြို့ကို ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ တီးတိန်မြို့နယ်ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းထဲ စစ်ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘော ၁ စီးနှင့် မော်တော် ၄စီး မီးလောင်ပျက်စီး၊ စစ်ကောင်စီတပ်သား ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်တွေမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။