တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy အဖွဲ့က ဒီက‌နေ့ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထီးခီးစခန်းကို KNU/KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီကနေ့ မေ ၉ ရက် နံနက်ပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်စဉ်မှာ စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတွေ မလာနိုင်အောင် ဂျမ်မာတွေ တပ်ဆင်ခုခံခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေကို အပျက်ခံကာ ရအောင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ FFD တပ်ဖွဲ့ ဒုတာန်ခံ အောင်အောင်က‌ မောင်းကိုပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ရဲ့ ဦးဆောင်မှုနဲ့အတူ မဟာမိတ်တပ်ပေါင်းစုများ၊ FFD ချေ မှုန်းရေးနှင့်ဒရုန်းတပ်ဖွဲ့၊ KNLA (သဝခ) ဒရုန်းအဖွဲ့၊ တပ်မဟာ ၄ ဒရုန်းအဖွဲ့နဲံ TPLF ဒရုန်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video-Force for Federal Democracy – FFD

0 Shares:
You May Also Like
Read More

ပူပူနွေးနွေး သိမ်းပိုက်ထားသည့် အင်းတော်မြို့မှာ PDF များကို အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ဒီရက်ပိုင်းအတွင်း အောင်မြင်စွာ သိမ်းပိုက်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းစင်သွားတဲ့ အင်းတော်မြို့မှာ PDF ရဲဘော်တွေကို ပြည်သူလူထုက အိုးစည်ဒိုးပတ်တွေနဲ့ ကြိုဆိုကခုန်ကာ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

မြင်းမူမှာ စစ်တပ်အထိုင်စခန်းကို ဗုံးသီးကြဲချတိုက်ခိုက်ရင်း သိန်း ၃၅၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ မြောက်ဘက်က ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU အဖွဲ့ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ PDF ရဲဘော် ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရက်မူးနေသော ယာဉ်မောင်းကြောင့် ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် တိမ်းမှောက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲနေတဲ့ ဒို့ညီ‌နောင်ယာဉ်လိုင်းမှာ အရက်မူးနေတဲ့ ယာဉ်မောင်းကြောင့် ဧပြီ ၂၄ ရက် မနေ့ညနေပိုင်းက မိုင်းပျဉ်း-တုံတာကြား ကိုးကွေ့တောင်မှာ ခရီးသည် တင်ယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃ ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။