မကွေးတိုင်း မြိုင်မြို့နယ်မှာ တိုက်ပွဲအတွင်း အထိနာပြီး ပခုက္ကူမြို့သို့ ပြန်လာတဲ့ အကြမ်းဖက်စစ်သား တွေ ပြည်သူတွေကို ရန်မရှာစေဖို့ ဒရုန်းနဲ့ ကင်းထောက်ပြီး ရှောင်ရှားဖို့ အကြောင်းနိုင်ခဲ့တဲ့အတွက် ပြည်သူများ ဘေးလွတ်ရာသို့ အချိန်မီရှောင်ရှားနိုင်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။

မေလ ၇ ရက် မနက်ပိုင်းက မြိုင်မြို့နယ်အတွင်း လူသတ်မီးရှို့ပြီး တိုက်ပွဲအတွင်း အထိနာကာ မြိုင်မြို့နယ် တောင်ပိုင်းကနေ ပခုက္ကူမြို့နယ်သို့ လူနာတွေကို ထမ်းစင်နဲ့ သယ်ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ကင်းထောက်ပြီး ပြည်သူများ ဘေးကင်းစေဖို့ အကြောင်း ကြားခဲ့တဲ့အတွက် အချိန်မီရှောင်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ကင်းထောက်မှုအတွင်း ဒရုန်းနဲ့ ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ရွှေမြို့နယ် ရှမ်းတောင်အထူးတပ်ဖွဲ့များ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရှမ်းတောင်အထူးတပ်ဖွဲ့တွေ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ကန်နီရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ‌စောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမြောက်ဘက်ကို မြေပဲဖော်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၂၀ ရက်က RC Plane၊ Drone နဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ 𝐌.𝐏.𝐋 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐅𝐨𝐫𝐜𝐞 အဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်မြို့မှာ ဆီတင်သင်္ဘောမီးလောင်ပြီး လူ ၈ ယောက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ဆီတင်သင်္ဘော ၁ စီး မတော်တဆမှုဖြစ်ပွားကာ မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ ၈ ယောက်သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ယောက် ပျောက်ဆုံးလျက်ရှိတယ်လို့ ထားဝယ်မီးသတ်ဌာနထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး ၆ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၃၆ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၆ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်သား ၁၀ ဦးခန့် ထိခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ခန့်ထိခိုက်မှုရှိခဲ့တယ်လို့ Garuda Secret Force က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။)