အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြို့နယ် ၄၆ မြို့နယ်မှာ အိမ်ထောင်စု ၁၆၉၂၇ စု အတွက် ကျပ်သန်း ၅၂၇၅ သန်းကျော် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း မြေပြင်အုပ်ချုပ်ရေးအဖွဲ့ဆီ တိုက်ရိုက်ထောက်ပံ့ထားတဲ့ ကျပ် ၇၁၈.၇ သန်း အပါအဝင် ပြည်သူက လှူဒါန်းထားတဲ့ အလှူငွေတွေထဲကနေ ဌာနက တိုက်ရိုက်ထောက်ပံ့ထားတဲ့ ကျပ် ၃,၇၈၅.၉ သန်းကို CSOs/CBOs တွေကတဆင့် ချိတ်ဆက်ပြီး ထောက်ပံ့ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းက မေလ ၆ ရက်အထိ တိုင်းနဲ့ပြည်နယ်အလိုက် ထောက်ပံ့မှုတွေ ဖြစ်တယ်လို့ NUG ဝန်ကြီးဌာနက ဆိုပါတယ်။

“ထောက်ပံ့ကူညီမှုများကို ဒုက္ခခံစားနေကြရသော ပြည်သူများထံနေရာဒေသ မခွဲခြားဘဲ ရောက်ရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်နေပါတယ်။ အစောပိုင်းကာလ ပြန်လည်ထူထောင်မှုအချို့ စတင်နေပါပြီ။ ပြည်သူ့အားဖြင့် အကောင်းဆုံး အကောင်အထည်ဖေါ် သွားပါမယ်။”လို့ NUG ဝန်ကြီးဌာနက ပြောထားပါတယ်။

NUG ဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းမှာ အိမ်ထောင်စု ၄၆၀၀ အတွက် ကျပ် ၁၂၀၂ သန်း ၊ မန္တလေးတိုင်းမှာ အိမ်ထောင်စု ၈၁၁၄ အတွက် ကျပ် ၃၁၇၁ သန်း ၊ ပဲခူးတိုင်းမှာ အိမ်ထောင်စု ၁၄၇၂ အတွက် ကျပ် ၃၄၁ သန်း ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ထောင်စု ၁၇၄၆ အတွက် ကျပ် ၂၅၉ သန်း ၊ နေပြည်တော်မှာ အိမ်ထောင်စု ၉၉၅ အတွက် ကျပ်သန်း ၃၀၀ တို့ကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

အမ်းကို စစ်ကူသွားမယ့် စစ်ကောင်စီတပ် လမ်းမှာတင် ၁၄ ယောက် သေ၊ အများအပြား ဒဏ်ရာရခဲ့

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်ရှေ့ပြေးယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဆင်ရေးနယ်မြေအတွင်းက 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တပ်ခွဲ-၂ တပ်ခွဲမှူး ကိုအငယ်လေးက ရှေ့တန်းစစ်ဆင်ရေးအတွက် ရဲဘော်တွေကို မှာကြားနေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရပြီး ရဲဖြစ်လာသူ လက်နက်နဲ့တကွ အလင်းဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ မိတ္ထီလာရဲတပ်ရင်း (၃၅) က ရဲတပ်သား ၁ယောက်ဟာ Southern YSO PDF ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်း က မောင်းကိုပြောပါတယ်။