စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကန်တလူရွာအနီး ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Generation Z Power က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့၊ မနက် ၈ နာရီခွဲအချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဟာ မိနစ် ၂၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 

“ကန်တလူ ဂိတ်နား ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ကားကို တိုက်ခိုက်ခဲ့တာပါ။ ကားကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပါတယ်” လို့ Generation Z Power မှာ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

တိုက်ခိုက်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကားပေါ်ကနေ ထွက်ပြေးသွားပြီး နေရာတော်တော်လှမ်းလှမ်းမှာ ၃ ယောက်သေဆုံးကာ ၁ ယောက်ကတော့ လက်ဒဏ်ရာရသွားတာကို မျက်မြင်တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရသူတွေကို တပ်မ ၃၃ ကနေ လာရောက် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကိုတော့ Generation Z Power (Mandalay) တပ်ဖွဲ့နဲ့အတူ မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ Taw Twin Tup Pee LDF၊ BRA LDF နဲ့ ရပ်ကျေးပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ကို ရွှေကူမြို့အနီး တောတွင်းတစ်နေရာမှာ ရှာဖွေတွေ့ရှိ၊ ရဟတ်ယာဥ်ပေါ်ပါသူ အကုန် သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေးမြို့နယ်မှာ စိုးမိုးနယ်မြေအတွင်း ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ်က ဦးခွေးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ဟုမ္မလင်းက စစ်ကောင်စီနဲ့ ရှမ်းနီ ပူးတွဲတပ်စွဲထားတဲ့ စခန်းနှစ်ခုကို KIA သိမ်းပိုက်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပြည်သူအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရဲ ၃ ယောက်နဲ့ ရဲမိသားစုဝင် ၁ ယောက် ဒဏ်ရာရ

ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ် ရှေ့တန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။