ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ တပ်ရင်း တပ်ဖွဲ့တွေကို စတင်ဖွဲ့စည်းချိန်ကနေ ဒီနေ့အချိန်အထိ စုစုပေါင်း ၂၇ ကြိမ် တပ်ရင်းထောက်ပံ့စရိတ် ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ထောက်ပံ့ပေးပို့ခဲ့တာမှာ ၂၇ ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်ကို အမေရိကန်ဒေါ်လာ ၀.၉ သန်းခန့် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းထောက်ပံ့စရိတ်တွေရဲ့ ၉၀ ရာခိုင်နှုန်းခန့် အမေရိကန်ဒေါ်လာ ၂၂.၅ သန်းခန့်ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်ရဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၃၄ လတာအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေကနေ ထုတ်နုတ်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်ချိန်ကနေ ဒီနေ့အချိန်အထိ တာဝန်တစ်ခုအနေနဲ့ ထမ်းဆောင်ခဲ့သူတိုင်းကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ ကာလအပိုင်းအခြား ရောက်နေပြီဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)နဲ့အတူ NUG အစိုးရရဲ့ ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်တွေမှာ တတ်အားသရွေ့ ပါဝင်ကြဖို့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားပါတယ်

0 Shares:
You May Also Like
Read More

နောင်ချို၊ တောင်ခမ်းရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး သုံးလုံးကြဲချ တိုက်ခိုက်

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းကနေ အဆိပ်ငွေ့ ဗုံးသုံးလုံးကြဲချ တိုက်ခိုက် ခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် တိုက်ဖျက်နေသည်ဟု မင်းအောင်လှိုင် ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင် နယူးယောက်မှာ ရုံတင်ပြသမယ်

တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ဒီဇင်ဘာလ (၅)ရက်ကနေ (၈)ရက်အထိ (၄) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

PLA ၊ ABSDF နဲ့ BPLA တို့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

လွတ်မြောက်ဒေသတစ်နေရာက စာသင်ကျောင်းတစ်ကျောင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၈ ရက်မှာ စာသင်ကျောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။