မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။

၄င်းတို့ကြားဖြတ်အစိုးရအနေနဲ့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့အတွက် လိုအပ်တယ်လို့ ယူဆတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ချိတ်ဆက်ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်မှုအပေါ် စိုးရိမ်ကြောင်း မြန်မာစစ်ကောင်စီက စာပေးပို့တာကြောင့်၊ ဒီအရေးအပေါ် သတင်းထောက်တစ်ဦးက မေလ ၆ ရက်နေ့မှာမေးမြန်းခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman

ဘင်္ဂလားဒေ့ရှ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက် တွေ့ဆုံသင့်သူတိုင်းနဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်း…စသဖြင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဖြေဆိုခဲ့တာကို ဘင်္ဂလားဒေ့ရှ်သတင်းများမှာ ဖော်ပြနေကြတာပါ။

အာရက္ခတပ်တော်- AA နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့ ပြီးခဲ့တဲ့လအတွင်းက ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့အပြီး စစ်ကောင်စီက အဆိုပါလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ သတင်းများကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md. Towhid Hossain ကလည်း “လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တခုလုံးကို စစ်ကောင်စီက မထိန်းချုပ်နိုင်တော့ဘဲ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်ကို ရောက်သွားပြီ” လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆိုထားပါတယ်။

“မြန်မာဗဟိုအစိုးရ (စစ်ကောင်စီ) အနေနဲ့ အဲဒီမှာ ထိန်းချုပ်မှု လုံးဝမရှိ‌နေတော့ဘူး။ ဒါ‌ကြောင့် (ကျနော်တို့အနေနဲ့) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ တရားဝင် ဆက်သွယ်လို့ မရပေမယ့်၊ လုံးဝ အဆက်အသွယ် မလုပ်လို့လည်း မရပါဘူး။ ကျနော်တို့အနေနဲ့ AA နဲ့ ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတဲ့အနေအထားပါ။ ဒါကြောင့် ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကျနော်တို့အနေနဲ့ ဆက်သွယ်ရေးကို လိုအပ်သလို ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမှာပါ”လို့ သူက မြို့တော် ဒါကာမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

0 Shares:
You May Also Like
Read More

ကန်ချနဘူရီမှ တောအုပ်တခုတွင် တရားမဝင် မြန်မာရွှေ့ပြောင်း ၁၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ်တို့ မြန်မာ့အရေးဆွေးနွေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino ကို အီတလီနိုင်ငံ ၊ ရောမမြို့က လွှတ်တော်အဆောက်အဦးဧည့်ခန်းမမှာ အောက်တိုဘာ (၁၈ )ရက် ဒီနေ့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှ “ပွင့်လန်းပါစေ မြန်မာပြည်” ဓာတ်ပုံပြပွဲ

“ကိုးရီးယားမှာလည်း ၁၉၈၇ ဇွန်လမှာ ကျောင်းသားအရေးခင်း တခုရှိခဲ့ပါတယ်။ အဲ့ဒီအထိန်းအမှတ်အနေနဲ့ စီစဉ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ကိုးရီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ ခရီးကြမ်းရှိခဲ့တယ်ဆိုတာကို လက်ရှိ တောင်ကိုးရီးယားနိုင်ငံသားတွေ သိရှိအောင်…. ပြီးတော့ ကိုရီးယားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေတွေကို သွေးမအေးသွားအောင် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူးကိုလင်းအိမ် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာစစ်တပ် ယာယီပိတ်ထား၊ ထိုင်းဘက်ကို ကြိုတင်အကြောင်းကြားခြင်း မရှိဟု ဆို

ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကို ဒီနေ့ ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ မြန်မာဘက်ခြမ်းကနေ စစ်တပ်က ယာယီပိတ်ထားလိုက်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။