မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့၊ နေ့လယ်ပိုင်းမှာ တပြင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သံဃာတစ်ပါး (လူအမည် ကိုသန်းမင်း) ဟာ ကျောက်ထုမြို့ထဲကို ဒကာ (အောင်ဆန်းဦး) တစ်ယောက်နဲ့အတူ ဆောက်လုပ်ရေး ပစ္စည်းသွားဝယ်စဉ်မှာ စစ်ကောင်စီတပ်သားတွေက သံဃာတော်ကိုရော ဒကာကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။

“စစ်သားတွေက ဘယ်ရွာကလဲ… ဘာလာလုပ်တာလဲ… စတာတွေမေးတယ်။ ဦးဇင်းက အကျိုးအကြောင်း ပြောပြတယ်…. အဲ့ဒါကို ဦးဇင်းက လက်မှာဖုန်းကိုင်ထားတော့ သူတို့ကို ဖုန်းနဲ့ဓါတ်ပုံရိုက်ပါတယ်ဆိုပြီး ဖမ်းခေါ်သွားကြတာပါဗျ” လို့ ယောအလင်းအတန်းအဖွဲ့က ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။

သံဃာတော်နဲ့ ဒကာဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်ထု အမြောက်တပ်ကလို့ ကနဦး သိရပါတယ်။

အဲဒီနောက် ညနေပိုင်းမှာတော့ အဆိုပါ သံဃာတော်နဲ့ ဒကာဖြစ်သူ ၂ယောက်လုံးကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီး ရွာကို ပြန်ရောက်ချိန်မှာ သံဃာရဲ့ ခန္ဓာကိုယ်မှာ ဓားထိုးသွင်းထားရာတွေကို တွေ့ရပြီး ဒကာဖြစ်သူမှာလည်း နှိပ်စက်ညှင်းပန်းခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“ဦးဇင်းက ပြန်လာတော့ ခြေတောက်တစ်ဖက် တွဲလောင်းဖြစ်နေပြီ။ ကျောကုန်းမှာ ထိုးသွင်းဒဏ်ရာ ၃ ချက်ပါတယ်။ မျက်နှာလည်း ဖူးရောက်ကိုင်းနေတယ်။ ကျောကုန်းမှာလည်း ညိုမဲနေ အောင် ရိုက်ခံထားရပါတယ်” လို့ ကိုအောင်ကြီးကဆိုပါတယ်။

ဒကာဖြစ်သူ ကိုဆန်းမင်းဦးမှာလည်း ကျောကုန်းတွေမှာ ညိုမဲ၊ ပေါင်မှာ ထိုးသွင်းဒဏ်ရာ၊ မျက်နှာ ဖူးရောင်ဒဏ်ရာတွေ ဖြစ်လာကြတယ်လို့ သိရပါတယ်။

“သူတို့ကို pdf တွေနဲ့ အဆက်သွယ်ရှိလား၊ pdf တွေဘယ်မှာနေလဲ၊ အင်အားဘယ်လောက်ရှိလဲ စတာတွေ မေးပြီးတော့ ဝိုင်းပြီးရိုက်နှက်ကြတယ်ပြောတယ်။ နှိတ်စက်ရင်း စခတစ်ကောင်က ငါတော့ လက်လွန်သွားပြီလို့လည်း ပြောသေးတယ်လို့ပြောတယ်” လို့ ဆိုပါတယ်။
အခုလို ပြန်လည်လွတ်မြောက်လာပြီး မေလ ၄ ရက်နေ့၊ ညနေပိုင်းမှာတင် သံဃာဖြစ်သူကတော့ ရရှိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ပျံလွန်တော်မူသွားပြီး ကိုဆန်းမင်းဦးဟာလည်း ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ရိုက်နှက် နှိပ်စက်ခဲ့သည့် ဒဏ်ရာများ (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နပခ (အမ်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ်၂ ဦးကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်

အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။