မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၁ယောက် သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက် ညပိုင်းက စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာထဲကို စစ်ကောင်စီကလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ ည ၈ နာရီ မိနစ်၂၀အချိန်မှာ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်က မူလအောင်မြေဘုန်းကြီးကျောင်း၊ အရှေ့မြောက်ဘက် လယ်ကွင်းထဲကို စစ်ကောင်စီက စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားနဲ့ နေအိမ်ထိခိုက်မှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီနောက် ည ၁၀ နာရီ ၄၈ မိနစ် အချိန်မှာလည်း လက်ပန်လှ တံတားအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာမှာ နေအိမ် (၂) လုံး ထိခိုက်ပျက်စီးကြောင်း၊ ရွာခံအမျိုးသမီး​ ၁ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ဘက်တော်သားက ပြောပါတယ်။

ဒါ့အပြင် ည ၁၀ နာရီ ၅၄ မိနစ်အချိန်မှာလည်း လက်ပန်လှကျေးရွာ ငြိမ်းချမ်းအောင်ရပ်ကွက်ကိုလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း၊ည ၁၀ နာရီနဲ့ ၅၅ မိနစ်အချိန်မှာလည်း ငြိမ်းချမ်းအောင်ရပ်ကွက်ကိုပဲ ဆက်လက်တိုက်ခိုက်ရာ နေအိမ်၂ လုံး ထိခိုက်ပျက်စီးသွား​​ကြောင်း သိရပါတယ်။

အဲ့ဒီနောက် ည ၁၀ နာရီ ၅၈ မိနစ်အချိန်မှာလည်း ထုံးကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ဆက် လုပ်ဆောင်ခဲ့ရာမှာ အသက် ၃၀ အရွယ် အမျိုးသား၁ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျေးရွာအတွင်းက နေအိမ် (၅) လုံးလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

“ဘာကြောင့် အဲ့လောက်ထိ အကြီးအကျယ် နေ့စဥ် ရက်ဆက် လေကြောင်းတိုက်ခိုက်နေရတာလဲ ဆိုတာ ပြောမပြတတ်ဘူး။ ကြွက်မနိုင် ကျီမီးရှို့သလိုပေါ့” လို့ ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စဉ့်ကူးမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များ (ဓာတ်ပုံ ပြည်သူ့ဘက်တော်သားအဖွဲ့)

0 Shares:
You May Also Like
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ၏ (၄) နှစ်ပြည့်အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။