ကရင်နီပြည်နယ် မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ KNDF – Pekhon Zone က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့အတွင်း နေ့စဉ် လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြု ထိုးစစ်ဆင်နေပြီး အဆိပ်ငွေ့ဗုံးတွေကိုလည်း လေယာဉ်၊ ဒရုန်းတွေနဲ့ ကြဲချတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ရှိ ဘီးလူးချောင်းထဲကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ရည်တွေ လောင်းထည့်ထားတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ သတိရှိစွာ နေထိုင်ကြဖို့ KNDF – Pekhon Zone က အသိပေးနှိုးဆော်ထားပါတယ်။

Video – KNDF – Pekhon Zone

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ ကနေ အိုးထိန်း-မင်းလျင်လမ်းအတိုင်း တညောင်ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို ဒီးဒုတ်ပင်ရွာနဲ့ သမန်းကျင်းကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

ကျဆုံးသွားတဲ့ စစ်ကြောင်းမှူးကိုနိုင်မင်းရဲ့ လလည် (ရုပ်/ သံ)

စစ်အာဏာရှင်ကို တိုက်ထုတ်ရန်ကြိုးစားရာမှာ  ရဲဘော်အများအပြား ပေးဆပ်ခဲ့ရပြီး ဖြစ်တဲ့အတွက်  ရဲဘော်များအနေနဲ့ ခံယူချက်ပျောက်၍ မရကြောင်း၊ ခံယူချက်ဖြင့်သာ တော်လှန်ရေးကို ရှေ့ဆက်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးဆောင်ရွက် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းမှာ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေတဲ့ ရုပ်သံဖိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး အပျက်အစီး မြင်ကွင်းများ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်က အလယ်တန်းကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ဗုံးကြဲတိုက်ခိုက်ခံရမှုကို ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။