ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်ထားရာ ကတ်ရှ်မီးယားဒေသမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရကာ အိန္ဒိယနိုင်ငံသား ၂၅ ယောက်နဲ့ နီပေါနိုင်ငံသား ၁ ယောက်တို့ သေဆုံးပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းကို အိန္ဒိယက ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မေလ ၇ ရက် ဒီနေ့မနက်အစောပိုင်းမှာ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းရှိ ပစ်မှတ် ၉ နေရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယက ဆိုပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံဟာ နျူးကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဖြစ်ကြပြီး နှစ် ပေါင်းများစွာ ကတ်ရှ်မီးယားဒေသနယ်မြေပိုင်ဆိုင်ရေးအတွက် အငြင်းပွားနေခဲ့ကြတာ ဖြစ်ပါ တယ်။

Video-Yalīña Sültanâ

0 Shares:
You May Also Like
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွမ်ဖေ၏ မိန့်ခွန်း (ရုပ်/သံ)

''ကျနော် မြို့နယ်မင်းတပ် လွတ်မြောက်ခြင်းဟာ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ခြင်းမဟုတ်ပါဘူး။ ထို့အတူ မြန်မာနိုင်ငံတစ်ခုလုံး လွတ်မြောက်သေးတာလည်း မဟုတ်ပါဘူး။ ကျန်ရှိနေသေးတဲ့ အခြားမြို့တွေကိုလည်း အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီးတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ စနစ်တစ်ခုဆီကို သွားရမှာ ဖြစ်ပါတယ်။
Read More

မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လားရှိုးမြို့ကို ရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ MNDAA ထုတ်ပြန် (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက လားရှိုးဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး လားရှိုးမြို့ကို ရေပေးဝေနိုင်ရေးအတွက် အဓိကလုပ်ဆောင်နေကြောင်း ခေါ်ယူရှင်းလင်းအသိပေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ထုတ်ပြန်လာပါတယ်။
Read More

ဖြူးမြို့နယ်မှာ စစ်သုံ့ပန်း ၂ ဦး သေနတ်လုထွက်ပြေးတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် နန်းမြင့်တောင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ကနေ တောင်သာမြို့နယ် နန်းမြင့်တောင်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို မတ်လ ၂၅ ရက်မှာ တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force ထံက သိရပါတယ်။
Read More

5.56 ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Myingyan Black Tiger (MBT) ထုတ်ပြန် (ရုပ်/သံ)

Myingyan Black Tiger (MBT) မှ 5.56ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ ပြီဖြစ်ကြောင်း ပြည်သူများအသိပေးလိုက်ပါတယ်။