မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ယောက် ကျဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်််နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။

မေလ ၅ ရက်၊ မနေ့က ညပိုင်းမှာ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇောင်းချမ်းကုန်းရွာကို စစ်ကောင်စီရဲ့ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“လေယာဥ်က ဒီရက်ထဲ ဆက်တိုက်ကြဲနေတယ်။ ဒါပေမယ့် ပစ်မှတ်မမှန်တာ၊ မထိရောက်တာတွေကြောင့် လူ ထိခိုက်သိပ်မရှိဘူး။ မနေ့ည ၈ နာရီကျော်လောက်ကတော့ မြို့တောင်ပိုင်းဇုန်ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ၂ ခါ လာကြဲတယ်။ ရှေ့တန်းစခန်းလိုမျိုးပေါ့။ ညနားနေတဲ့အချိန် အကြဲခံရတာပါ။ ရဲဘော်တွေက အသက်က၂၁ လောက်ပဲ အများဆုံးရှိဦးမယ်” လို့ မြိုင်နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၁ရက်နေ့ကတည်းက မြိုင်မြို့နယ် စိုးတွင်းကြီးရွာမှာဝင်ရောက်တပ်စွဲရင်း မြိုင်မြို့အထိရောက်အောင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပခုက္ကူ-မြိုင် ကားလမ်း တောင်ဘက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။

ဒီအတွက် စစ်ကောင်စီက မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို အကြိမ်များစွာ ရက်ဆက် လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတယ်လို့လည်း ဒေသတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒါ့အပြင် စစ်​ကောင်စီက လေးတန်းနဲ့ သစ်ကြီးတောရွာတွေကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးထားကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကြောင့် မြိုင်မြို့နယ်အရှေ့တောင်ပိုင်းက မင်းကန်း၊ မြေနု၊ ပေါက်တော၊ ပေါက်ပင်ကိုင်း၊ မြို့သာ၊ သစ်ကြီးတော၊ လေးတန်း၊ ထတောကြီး၊ သင်းပေါင်းကန်စတဲ့ရွာပေါင်း၂၀ နီးပါးက အရပ်သား ၇ ထောင်နီးပါးလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ မရောက်အောင် ထောင်နဲ့ချီတဲ့ စက်သုံးဆီ ပီပါတွေကို စစ်ကောင်စီ ဖမ်းဆီး

တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်ဝယ်မရောက်ရှိအောင် စက်သုံးဆီ ပီပါထောင်နဲ့ချီကို စစ်ကောင်စီက တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ပြည်သူတွေ လယ်ယာရိတ်သိမ်းဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူရွာတွေ အနီးမှာရှိတဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာတွေ အဆင်ပြေပြေရိတ်သိမ်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေးခဲ့တယ်လို့ ShweBo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

Sky Villa ကွန်ဒို သေဆုံးသူများအတွက် တစ်ဦးကို သိန်း ၁၀၀ ကရုဏာထောက်ပံ့ကြေးပေးမည်ဟု ငလျင်အပြီး ၅လကျော်ကြာမှ ကြေညာ၊ တာဝန်ခံမှု၊ တောင်းပန်မှုမရှိသည့် ကုမ္ပဏီကို နစ်နာသူများ ဒေါသထွက်

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။