မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ မြိုင်မြို့နယ်ဘက်သို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့နယ်ကနေ အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၂ ရက်မှာ မြိုင်မြို့နယ် လေးတန်ကျေးရွာအနောက်ဘက် ဆည်ပေါင်အနီး တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ကြပြီး လေးတန်ရွာမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လေးတန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ကျည်ပြတ်လပ်မှုကြောင့် ဆုတ်ခွာခဲ့ကြရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၅ ယောက်ထပ်မံသေဆုံးကာ တိုက်ပွဲအတွင်း ကျန်ခဲ့တဲ့ ရဲဘော် ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ လေးတန်ရွာ၊ သစ်ကြီး‌‌တောရွာ၊ ပေါက်ပင်ကိုင်ရွာတွေကို စစ်ကြောင်းထိုးနေရာယူထားပြီး မေလ ၂ ရက် ညနေပိုင်းမှာ သစ်ကြီးတောရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မေလ ၃ ရက်ကလည်း လေကြောင်းကနေ အနီးအနားရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်တွေနဲ့ တိရစ္ဆာန်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာလည်း ပေါက်ပင်ကိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းက ပေါက်ပင်ကိုင်းရွာနဲ့ သစ်ကြီးတောရွာ၊ လေးတန်ရွာတွေမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးမှာ 8+အညာမြေစစ်ဆင်ရေးအဖွဲ့၊ M.V.P Revolution Force ၊ U A V frighter၊ မဟူရာအလင်းတန်းပြောက်ကျားမြိုင်၊ scoprion people defense force၊ phoneix people defense force၊ ဇာမဏီပြောက်ကျား၊ ဋ္ဌေးအောင်ပြောက်ကျား၊ စနေမင်း၊ တမာမြေပြောက်ကျားတပ်ဖွဲ့ – မြိုင်နဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-M.V.P Revolution force

0 Shares:
You May Also Like
Read More

ဗိဿနိုးတောင်‌ပေါ်တွင် တပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဗိဿနိုးတောင်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းကို ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက  Shar Htoo Waw နည်းပညာ Fixed wing Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင် ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပွား (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့မှာ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်း ၁ ယောက်သေဆုံးကာ ဓားပြ ၁ ယောက်ကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေ အိမ်တံခါးလာခေါက်တာ ခံမလား၊ ပြည်သူတွေချစ်တဲ့ တော်လှန်ရေးတပ်ထဲ လာမလား (ရုပ်/သံ)

မြန်မာနိုင်ငံအနှံ့ အမျိုးသား အမျိုးသမီး အသက်အရွယ်စုံကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ ရှောင်တိမ်းလိုတဲ့ လူငယ်တွေအတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကျားသစ်နက်စစ်ကြောင်းကနေ တော်လှန်ရေးတပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းရာ အရာရှိအပါ ၁၀ ယောက်ထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - LLPDF ထံက သိရပါတယ်။
Read More

ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းမှာ စစ်ကောင်စီဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်ကို ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။