စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူပြီး လမ်းသွားပြည်သူတွေထံ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက်‌သေဆုံးခဲ့တယ်လို့ Black Eagle LPDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၃ ရက် နေ့လယ်ပိုင်းက တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူထားတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ပိုက်ဆံတောင်းနေတဲ့အတွက် တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၆ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Eagle LPDF ၊ Fighter brotherhood Guerrilla Army – FBGA ၊ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ယင်းမာပင်ဒရုန်းအဖွဲ့)နဲ့ တခြားမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-BlackEagle LPDF

0 Shares:
You May Also Like
Read More

ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲအတု လုံခြုံရေးယူရန်လာသည့် စစ်သင်္ဘောနှင့် စက်လှေများကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူဖို့လာတဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

ဇီးကုန်းမြို့ထဲ ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်အတွက် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန်ချိုးကာ အောင်မြင်ခဲ့သည်ဟု ကိုထိန်လင်း ပြော (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခြင်းခံခဲ့ရသည့် လူငယ် ၄ ဦး ထွက်ပြေးလွတ်မြောက်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဂိတ်စခန်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်အမျိုးသား ၄ ယောက် ကျွန်းလှအချုပ်ထောင်ကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။