ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

စောချစ်သူနဲ့ သားနှစ်ယောက်ကို အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ဆိုင်ဘာလိမ်လည်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေကို ထောက်ပံ့ကူညီမှုကြောင့် ပိတ်ဆို့အရေးယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိတဲ့ KNA ထိန်းချုပ်ရာ ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြား ရှိပြီး မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ ၃ နှစ်တာအတွင်း ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရာ KNA ဟာ အဲ့ဒီကနေ အကျိုးအမြတ်တွေ ရနေတဲ့အပြင် မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကနေလည်း KNA အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အကျိုးအမြတ်ရရှိနေသူတွေကို အရေးယူနိုင်ရေးနဲ့ တိုက်ဖျက်ရေးအတွက် အမေရိကန် (OFAC) က အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI) ကလည်း ဒီနှစ်ဆန်းပိုင်းက ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ကရင် BGF ထိပ်တန်းခေါင်းဆောင်တွေကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။
Read More

ထိုင်းလူမျိုး ၃ ဦးအား မြန်မာတချို့ ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်  ဖြစ်စဥ်အပြီး ထိုင်းရောက်မြန်မာများ သတိထားနေထိုင်ကြရန် မြန်မာအရေးလှုပ်ရှားသူတချို့တိုက်တွန်း

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောနယ်မြေမှာ မြန်မာနိုင်ငံသားအချို့က ထိုင်းလူမျိုးပို့ဆောင်ရေးဝန်ထမ်းတွေကို ဝိုင်းဝန်းရိုက်နှက်တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိုင်းရောက်မြန်မာအသိုင်းဝိုင်းအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ ရွှေ့ပြောင်း မြန်မာနိုင်ငံသားအရေးလှုပ်ရှားသူတချို့က တိုက်တွန်းနေကြပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။