”ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက် ရှိတယ်။ ငါတို့မှာ ကိုယ်နှုတ်နှလုံးနဲ့ ထောက်ခံပါဝင်နေတဲ့ တော်လှန်ပြည်သူတွေ ရှိတယ်။ ငါတို့မှာ နိုင်ငံအနှံ့ တပ်ဖြန့်နေရာယူထားတဲ့ တော်လှန်ရေးရဲဘော်တွေ ရှိတယ်။ ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို ဆက်လက် မြှင့်တင်ကြရမယ်။ ငါတို့ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက် တွေကို နည်းမျိုးစုံနဲ့ ဆက်လက်ဖြည့်ဆည်းကြမယ်။ PDFတပ်မတော်နဲ့ မဟာမိတ်တွေ ပိုချစ်ကြည်၊ ပိုစည်းလုံး၊ ပိုဟန်ချက်ညီပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဟာဗျူဟာမြောက် တိုက်ပွဲဝင်ကြရင် အဆုံးသတ်အောင်ပွဲဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။”

0 Shares:
You May Also Like
Read More

ပန်ဝါမြို့ကို KIA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီး မြို့အတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်လာ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီး အောက်တိုဘာ ၁၈ ရက် ညပိုင်းက မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီး ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ယနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ဆေးရေးအကြောင်းပြကာ ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒူကရစစ်ကြောင်းထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ အတွင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှတ်တမ်းများကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ၏ ၂၀၂၄ ခုနှစ် စစ်ရေးသတင်းအကျဉ်းချုပ်နဲ့ သိမ်းဆည်းရရှိမိတဲ့ စစ်ကောင်စီတပ်စခန်းတွေအပါအဝင် စစ်ဆင်ရေးမှတ်တမ်းတွေကို တောင်ပိုင်းစစ်ဒေသက ရုပ်သံနဲ့ တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးတွင် လုံခြုံရေးယူရန်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Special Forces 11 - PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေကို ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက လက်နက်ချအလင်းဝင်ရောက်ဖို့ ဖိတ်ခေါ် (ရုပ်/သံ)

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြား CDM အရာရှိ ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်ရောက် ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ "သင့်အသက်မဆုံးရှုံးခင် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ။ စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ကျားသစ်နက်စစ်ကြောင်းက သင့်ကို ကြိုဆိုလျှက်ရှိသည်''လို့ Black Panther Column မှ Facebook စာမျက်နှာမှရေးသားမျှဝေထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ရွာသားတွေကို ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမှာ  စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။