အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မေလ ၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦး က သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ စကစ ဘက်က တောင်းဆိုတာက မြို့ ၅ မြို့ကို ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုတာမျိုးတွေရှိတယ်။ ကျမတို့ကတော့ ဒါကို သဘောမတူနိုင်သေးဘူး။ ပြန်လည်ဆုတ်ခွာတာမျိုးတွေတော့ မရှိသေးဘူး။ ဒီနေ့ကျမတို့ ပြောနိုင်တာက ကျမတို့ ရပ်တည်ချက်အတိုင်း ပဲဆောင်ရွက်မှာဖြစ်ပါတယ်။” လို့ PSLF/TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦး က ပြောပါတယ်။

TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လကလည်း “လားရှိုးမြို့လို မဖြစ်ရေးအတွက် ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်ပေးကြပါ။ မြို့ကာကွယ်ရေးတပ်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါ” လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် TNLA ဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် NUG အပါအဝင် မဟာမိတ်တွေ ဆက်လက်လက်တွဲသွားမယ်လို့ ဗိုလ်မှူးကြီး တားပန်လက ပြောဆိုထားပါတယ်။

” စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ကျနော်တို့က (NUG အပါအဝင်) မဟာမိတ်တွေနဲ့ ဆက်လက်လက်တွဲသွားပါမယ်။ ကျနော်တို့ မျိုးဆက်မှာ ဒါကို မလုပ်နိုင်ရင် နောင်လာနောင်သားတွေအထိ ဒါကို ဆက်ပြီး ခံရမှာပါ” လို့ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ရေး ညီနောင် ၃ ဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး ၁ လ ထပ်မံသက်တမ်းတိုး ကြေညာထားပြီး ခုခံကာကွယ်စစ်ကိုသာ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်တွင် ဆိုင်ကယ် ခိုးသူ ၂ ဦးကို မြို့နယ် ပလဖ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဆိုင်ကယ်ခိုးသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောကျွဲအင်းမြို့  အကြမ်းဖက်စစ်တပ် စခန်းများအား PDF သိမ်းပိုက်ထား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု နဲ့ CDF တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား… ပစ်ခတ်မှုအတွင်း CDF တပ်သားတစ်ဦး ကျဆုံး၊ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းဆီးရမိ…

“ အဲဒီ စကစ စစ်ကောင်စီစစ်ကြောင်း ချင်းတောင်တန်းဘက်ကို လာထိုးတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာပါ၊ ကျသွားတဲ့ ရဲဘော်က ၂၇ ရက်တိုက်ပွဲမှာ ကျသွားတာပါ ၊ ဒီနေ့မှာတော့ သဂြိုဟ်ပေးလိုက်ပါပြီ ” လို့ ချင်းတော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။
Read More

မြိုင်နှင့်ပေါက်တွင် စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းထွက်ရှင်းသည့်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ဒုတပ်ကြပ် ၁ ဦးအပါ ထိခိုက်သေဆုံးသူ များပြား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီကားတန်းနဲ့ မိုင်းရှင်းတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင်​ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးတွေရှိခဲ့ကြောင်း သိရပါတယ်။