ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့မှာ မြန်မာစစ်ဘေးရှောင်နဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရံပုံငွေ ဈေးရောင်းပွဲကို မေလ ၄ ရက် ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစျေးရောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး၊ အဖွင့်အမှာစကားနဲ့ တော်လှန်ရေး အားပေးစကား ပြောကြားခဲ့တယ်လို့ NUG ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာအစားအစာတွေ အဓိကရောင်းချတဲ့ ဒီဈေးရောင်းပွဲကို ကိုရီးယားနိုင်ငံသားတွေအပါအဝင် အနီးတဝိုက်မြို့တွေက မြန်မာလူမျိုး အများအပြား လာရောက် အားပေးခဲ့တယ်လို့ သိရပါတယ်။

ဂင်မဲမြို့ရှိ မြန်မာလူငယ်တွေ၊ ဂင်မဲနွေဦးတော်လှန််ရေးအဖွဲ့နဲ့ ဂင်မဲမြို့ခံ ကိုရီးယားအဖွဲ့အစည်းတွေ စုပေါင်း ကျင်းပတဲ့ အဆိုပါစျေးရောင်းပွဲမှ ရောင်းချရရှိတဲ့ ရန်ပုံငွေအားလုံးကို မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်နဲ့ ငလျင်ဘေး ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လူငယ်၄သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာတွင် အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးနေသည့် အမျိုးသမီးအရေအတွက် အမျိုးသားများထက် ၂ဆ ကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်…

မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။
Read More

အမေရိကန်ကွန်ကရက် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဖို့ သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက နိုင်ငံခြားရေးရာကော်မတီဥက္ကဌများနဲ့ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက  ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။