မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက် မနက်ပိုင်းက ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်အုပ်စု၊ ပေပင်ရှည်ကျေးရွာအနောက်ဘက်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း ရဲ ၂ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

” ပျော်ဘွယ်အနောက်ဘက် နတ်မောက်နယ်စပ်မှာ ဖြစ်ခဲ့တာပါ။ ညောင်ကုန်းတိုက်နယ်က ထွက်လာတဲ့ကောင်တွေကို ကင်းပုန်းဝပ်ပစ်ခဲ့တာပေါ့။ လက်နက်သိမ်းဆည်းရရှိမှုတော့ မရှိခဲ့ပါဘူး” လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို သာစည်မြို့နယ် ပကဖနဲ့အတူ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် တိုက်ဒေါင်းပြည်သူကာကွယ်ရေးအဖွဲ့၊ ပျော်ဘွယ်လူငယ် အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

” စစ်ကြောင်း ပြန်လည်ထိုးလာခြင်းတော့ မရှိသေးပေမယ့် ဒီရက်ပိုင်းထဲ အခင်းဖြစ်တဲ့နားကရွာတွေမှာ စစ်တပ်က လုံခြုံရေးတိုးမြှင့်စစ်ဆေးတာတွေတော့ လုပ်လာပါတယ်” လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

ပုံစာ – အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရဲ ၃ ယောက်နဲ့ ရဲမိသားစုဝင် ၁ ယောက် ဒဏ်ရာရ

ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူအချို့ စားနပ်ရိက္ခာများ ပို့ဆောင်ရောင်းချနေဟု ဆို

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူတချို့က စားနပ်ရိက္ခာတွေ ပို့ဆောင်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်ဆုတောင်းနေစဉ် အမျိုးသမီး အကျဉ်းသူများကို ထောင်အာဏာပိုင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ အကျဉ်းထောင်အတွင်း အမျိုးသမီးဆောင်က အကျဉ်းသူတွေ ခရစ္စမတ်ဆုတောင်းပွဲပြုလုပ်နေစဉ် ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်မှုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄ ခုက ပူးတွဲ သတင်းထုတ်ပြန်လာပါတယ်။