အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေပြီး ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံးနိုင်ငံဖြစ်တယ်လို့လည်း ဗြိတိန်သံရုံးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အင်တာနက်ကို ဆက်လက်ကန့်သတ်ထားတာဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် အချက်အလက်တွေ စုဆောင်းရာမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်စေသလို အချိန်နဲ့တစ်ပြေးညီ ငလျင်တုံ့ပြန်ရေးတွေ ဆောင်ရွက်ရာမှာလည်း အဟန့်အတားဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ – ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးချိန် သတင်းရယူနေတဲ့ သတင်းသမား ၁ ဦး

ဒါ့အပြင် ပြည်သူတွေရဲ့ သတင်းလက်လှမ်းမီနိုင်တဲ့အပေါ် မြန်မာစစ်တပ်၏ ဖိနှိပ်မှုကို ယူကေအစိုးရက ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်မှုညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၆၉ မှာ ရှိပြီး ၂၀၂၄ ခုနှစ်မှာတော့ အဆင့် ၁၇၁ မှာ ရှိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး အမြန်လမ်းစီမံကိန်းအတွင်းမှာ မတော်တဆဖြစ်မှုကြောင့် လူ ၄ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့သစ်ဧရိယာမှာ တည်ဆောက်ဆဲ တံတားတစ်ခုရဲ့ ကရိန်းနဲ့ ကွန်ကရစ်အပိုင်းတွေ ပြိုကျခဲ့မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

တောင်ကိုရီးယားရောက် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ်ကို တက်ရောက် ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မေလ ၁၇ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့၊ ကင်ဒေးဂျုံးစင်တာမှာ ပြုလုပ်တဲ့ “World Human Rights Cities Forum 2025” ကို တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးပါ မော်တော်ကား ထိုင်းရဲ လိုက်ဖမ်းချိန် မြစ်ထဲ ထိုးကျပြီး အဖမ်းခံရ…

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ် ၁ စီး ထိုင်းရဲ လိုက်ဖမ်းချိန် မောင်းပြေးရာက မြစ်ထဲကျပြီး ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတယ်လို့ Khaosod သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။