စစ်ကိုင်းတိုင်း မြင်းမူမြို့ ရွှေဧကရာဇ်ရွှေဆိုင်မှာ ဓားပြတိုက်ပြီး ပြန်လာတဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ရွှေထည်ပစ္စည်းများကို မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

မေလ ၁ ရက် နံနက်ပိုင်းက မြင်းမူမြိုပေါ်ရှိ ရွှေဧကရာဇ်ရွှေဆိုင်မှာ ဓားပြတိုက်လာသူ ၄ ယောက်ကို PDF ရဲဘော်တွေ ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး MA-3 သေနတ် ၂ လက်၊ Glock သေနတ် ၁လက်နဲ့အတူ ရွှေထည်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဓားပြတွေနဲ့အတူ သိမ်းဆည်းရရှိမိတဲ့ ငွေကျပ်သိန်းနှစ်သောင်း၆ထောင်တန်ဖိုးရှိ ရွှေထည်ပစ္စည်း တွေကို စာရင်းဇယားပြုလုပ်ပြီး ပိုင်ရှင်ထံ ဆက်သွယ်ကာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဗျူဟာ အမှတ် (၆၄) တပ်ရင်းရုံး၊ ရုံးအဖွဲ့မှူးက မောင်းက ပြောပါတယ်။

အဲဒီဓားပြဖမ်းဆီးမှုကို မြင်းမူမြို့ နယ်မြေ (၁) ပ.က.ဖ၊ ငါန်းဇွန်မြို့နယ် ပ.က.ဖ၊ အမှတ်(၁)စစ်ဒေသ ဗျူဟာအမှတ် (၆၄)(မုံရွာခရိုင်အမှတ် ၅၊၈၊၉၊၁၀၊၁၁တပ်ရင်း) တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သား သတိရတယ် မေမေ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေချင်ကြောင်း ဗီဒီယိုအတိုလေးကို ဒီဇင်ဘာ ၂၂ရက်မှာ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆုံရွာ ပျူခေါင်းဆောင်နေအိမ်နှင့် ကင်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်နဲ့ ကင်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့  Youth Guerrilla Counter Revolution -NZ မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုက နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရက် ၂၀ ကြာ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ People's Defence Force -Yenangyaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ရဲ့ လက်ရှိအခြေအနေ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။