စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မေလ ၁ရက်နေ့၊ မနက်ပိုင်းမှာ မြင်းမူမြို့ပေါ်၊ ရွှေဧကရာဇ်ရွှေဆိုင်ကနေ ငွေကျပ် သိန်း ၂သောင်း၆ထောင်ခန့် တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်လာခဲ့သူ ၄ယောက်ကို အရပ်သားသတင်းပေးချက်အရ အသင့်စောင့်ကြို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗျူဟာ အမှတ် (၆၄) တပ်ရင်းရုံး၊ ရုံးအဖွဲ့မှူးက မောင်းကိုပြောပါတယ်။

” ကျနော်တို့ မြင်းမူမြို့ပေါ်ကို စစ်ဆင်ရေးတစ်ခုနဲ့သွားတုန်းမြို့ပေါ်ကနေ ဓားပြတိုက်ပြီး ရေကြောင်းက ပြန်လာကြတယ်လို့ သတင်းရလို့ စောင့်ဖမ်းလိုက်တာပါ။ ပြည်သူဆီကသတင်းရရချင်း ဖမ်းတာ … မနက်၁၀ နာရီလောက်ပေါ့။ သူတို့က ဓားပြတိုက်ပြီးပြန်လာတာဆိုတော့ မနက်စောစောတိုက်လာတာပါ။”လို့ ဗျူဟာ အမှတ် (၆၄) တပ်ရင်းရုံး၊ ရုံးအဖွဲ့မှူးက မောင်းကိုပြောပါတယ်။
ရွှေဆိုင်ဓားပြတွေကို မြင်းမူမြို့ နယ်မြေ (၁) ပ.က.ဖ၊ ငါန်းဇွန်မြို့နယ် ပ.က.ဖ၊ အမှတ်(၁)စစ်ဒေသ ဗျူဟာအမှတ် (၆၄)(မုံရွာခရိုင်အမှတ် ၅၊၈၊၉၊၁၀၊၁၁တပ်ရင်း) တို့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဓားပြအဖွဲ့နဲ့အတူ တိုက်ရာပါ ရွှေထည်တွေနဲ့ MA3သေနတ် ၂လက်၊ Glock သေနတ် ၁လက်တို့ပါ တပါတည်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဓားပြတွေနဲ့အတူ သက်သေခံရွှေထည်ပစ္စည်းတွေကို မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ အပ်နှံခဲ့ပြီး အဲ့ဒီကမှတဆင့် ရွှေဆိုင်ပိုင်ရှင်ထံ စာရင်းဇယားနဲ့တကွ ပြန်လည်ဆက်သွယ်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ဖမ်းဆီးအပြီးမှာပဲ ရွှေဆိုင်ရှင်တွေကို ဆက်သွယ်တယ်။ စာရင်းဇယား အတိကျလုပ်ပြီး အားလုံးပြန်အပ်လိုက်ပါတယ်။ ဓားပြတွေကိုတော့ အခြားသူတွေပါသေးလားဘာလားဆိုတာကို မြင်းမူပလဖကပဲ ဆက်ပြီးစစ်ဆေးနေပါတယ်” လို့ ဗျူဟာ အမှတ် (၆၄) တပ်ရင်းရုံး၊ ရုံးအဖွဲ့မှူးက မောင်းကို ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
Read More

စေတုတ္တရာတွင် ပြည်သူ့စစ်ဖွဲ့သည့် စစ်တပ်ဒေါက်တိုင်များအား ပကဖ ရှင်းလင်းနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကမြို့နဲ့ အနီးဆုံး ကျေးရွာတွေမှာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ် ဖွဲ့စည်းပေးနေသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြို့နယ်ပကဖက  လိုက်လံ သုတ်သင် ရှင်းလင်းနေတာကြောင့် စစ်တပ်ယန္တရားအောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်၊ ၁ ဦးသေပြီး အရာရှိအပါ ၆ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက်အပါ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - Fire Dragon တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။
Read More

မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို ပြောက်ကျားအဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၅ရက် ဒီမနက်အစောပိုင်းမှာ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။