ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

မေလ ၂ ရက် မွန်းတည့်ချိန်ကနေ မွန်းလွဲပိုင်းအထိ အချိန် ၂ နာရီခွဲခန့်အတွင်း အကြမ်းဖက် စစ်တပ်နဲ့ လက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့က တိုက်ပွဲ မဖြစ်ပွားဘဲ ဘီလူးချောင်း အရှေ့ဘက်ခြမ်းရှိ ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံးနဲ့ ကုန်းသာ (ခ) မဆုန့်ခွမ်‌ ကျေးရွာ ကို လက်နက် ကြီး ၉ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် တိုက်ခိုက်မှုအတွင်း ပြည်သူတွေ ထိခိုက်မှု မရှိပေမယ့် ကုန်းသာရွာက နေအိမ် ၁ လုံးနဲ့ နမ့်တုတ် ကျေးရွာက ခန်းမဆောင်တွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာအတွင်းကိုလည်း အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး ဒရုန်းဗုံးသီး ထိမှန်ကာ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါ စစ်ရေးအရှိန်မြှင့်သွားမည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့က အထူးစစ်ဆင်ရေး အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊ သင်တန်းသူတွေ စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပညာရေးကဏ္ဍ အလေးထားမြှင့်တင်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ခန့်အပ်ရန် မေ့ကျန်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။
Read More

သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ လှူဒါန်း

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေက စစ်ဘေးရှောင်စခန်းတွေကို ဘန်ကောက်အခြေစိုက် ပြည်ပရောက်မြန်မာ (PPYM) အဖွဲ့က ဆန်၊ ဆီဲ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အထည် စတာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ PPYM အဖွဲ့အနေနဲ့ စစ်ရှောင်စခန်း ၃ခုကို သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
Read More

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကလာတဲ့ တရုတ်လူမျိုးတွေ စီးပွါးရေးချဲ့ထွင်မှုကြောင့် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်လာနေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။