ရှားပါးငှက်မျိုးစိတ်တွေရဲ့ သားပေါက်ရာသီ ဖြစ်တာကြောင့် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်တာတွေ ၂ လကြာ ပိတ်ပင်တားမြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်က ထုတ်ပြန်ခဲ့တဲ့ စာအရ အခုကာလအချိန်ဟာ ကျေးငှက်တွေ အသိုက်အတွင်း ဥဥပြီး သားပေါက်နေချိန်ဖြစ်တာကြောင့် ရှားပါးငှက်မျိုးစိတ်ဝင်တွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အခုလို အမိန့်ထုတ်ပြန်ထားတာလို့လည်း သိရပါတယ်။

အဖိုးမဖြတ်နိုင်တဲ့ သစ်တောတွေ၊ ရှားပါးလိပ်ပြာမျိုးစိတ်ဝင်တွေ၊ ကျေးငှက်တွေ၊ သစ်ခွမျိုးစိတ်တွေ​နဲ့ တောင်စဥ်တောင်တန်းတွေရှိရာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ လေသနတ်၊ တူမီးသေနတ်၊ လောက်လေးဂွစသဖြင့်နည်းလမ်းအမျိုးမျိုးနဲ့ ငှက်ပစ်အမဲလိုက်နေတာတွေ ရှိနေပြီး သားပေါက်ရာသီဖြစ်တဲ့ မေလ ၁ ရ​က်ကနေ ဇွန်လ ၃၀ ရက်အထိ ၂ လကြာ အမဲလိုက်ခွင့် တားမြစ်ထားတယ်လို့ သိရပါတယ်။

ပုံစာ – ချင်းပြည်နယ်၏ ပြယုဂ် အောက်ချင်းငှက်
ဓာတ်ပုံ – အင်တာနက်

ပိတ်ပင်တားမြစ်ထားတာကို မလိုက်နာရင်လည်း တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း မင်းတပ် ပအဖ က ထုတ်ပြန်ထားပါတယ်။

မင်းတပ်​နယ််အတွင်းက ငှက်တွေဟာ ရှားပါးငှက်မျိုးစိတ်စာရင်းဝင်တွေ ဖြစ်ပြီး အဖိုးတန်သဘာဝအမွေနှစ်ဖြစ်တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းရမှာဖြစ်သလို အနာဂါတ်ကာလအတွင်း ခရီးသွားကဏ္ဍကနေ ဒေသခံတွေကို ဝင်ငွေတိုးလာနိုင်စေတယ်လို့လည်း မင်းတပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ ကန်ပက်လက်မြို့နဲ့အတူ ချင်းညီနောင်က သိမ်းပိုက်ရရှိထားတာဖြစ်ပြီး အုပ်ချုပ်ရေး ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်း ခရိုင် ၂ခုတွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်း ပြသရန် စစ်အုပ်စုက အိမ်ပေါက်စေ့ ခြိမ်းခြောက် အလံထောင်ခိုင်းထား

မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ငလျင်ဘေးသင့်ချိန် အာဏာသိမ်း စစ်ခေါင်းဆောင် အေးသင်္ကြန်ဟု အမည်တပ်ကာ ဆင်နွှဲ

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။