ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေရှိနေတဲ့ ဒမငယ်ရွာရဲကင်းစခန်းကို မနေ့က မနက် ၄နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၁)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂) ယောက် သေဆုံးကာ ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်း စွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိထားတဲ့ ပျူ‌စောထီး၂ ယောက် တောင်ညိုကွက်သစ် ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန်မှာ ၁ ယောက် သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက (၆၀)မမစိန်ပြောင်း (၁)လက်၊ လက်နက်ငယ် (၅)လက်နဲ့ ခဲယမ်းတွေ၊ နင်းမိုင်း၊ ယာဥ်ဖျက်မိုင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၆)၊ နတ်တလင်းမြို့နယ်(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီ အရေးပေါ်ကြေညာ

အပျက်အစီးများပြီး လူအသေအပျောက်များနိုင်တဲ့ ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးနယ်မြေအတွင်း ပြည်သူကို အနိုင်ကျင့်ငွေညှစ်နေသည့် ကာကွယ်ရေးတပ်အမည်ခံ လက်နက်ကိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်

မန္တလေးတိုင်း၊ ညောင်ဦးနယ်မြေအတွင်း PDF အမည်ခံပြီး အရပ်သားတွေကို ပြန်ပေးဆွဲ ငွေတောင်းတာ၊ ဆက်ကြေးကောက် အနိုင်ကျင့်တာတွေလုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ညောင်ဦးနယ်မြေအတွင်း အရပ်သားတွေကို ခေါင်းစဥ် အမျိုးမျိုးတပ် ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခံတာ၊ လက်နက်ပြ ဆက်ကြေးသဘောမျိုး ကောက်ခံတာတွေရှိနေပြီး တော်လှန်ရေးပုံရိပ် ကျဆင်းမှုတွေ ဖြစ်နေတာကြောင့် အခုလို အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။