စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တဲ့ စစ်မှုထမ်း အပတ်စဥ် ၅ သင်တန်းဆင်း တပ်သားဟာ Burma Revolution Rangers ထံ ဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၁ရက်နေ့မှာ သွားရောက်ခေါ်ဆောင်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ အလင်းဝင်ရောက်လာသူကို မိသားစုနဲ့ ဆက်သွယ်ပေးထားတယ်လို့လည်း Burma Revolution Rangers က ထုတ်ပြန်ပါတယ်။

ပခုက္ကူ​ခရိုင်အခြေစိုက် တော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ Burma Revolution Rangers အဖွဲ့ထံ ဆက်သွယ်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေပြီး နောက်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ပခုက္ကူတပ်မ ၁၀၁က ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ်တစ်ယောက်ကို ခေါ်ယူကယ်ထုတ်ပေးထားသေးကြောင်း သိရပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေအနေနဲ့လည်း အမြင်မှန်ရပြီး တော်လှန်ရေးအင်အားစုတွေထံ အမြန်ဆုံး အလင်းဝင်ဖို့ Burma Revolution Rangers က ပြောထားပါတယ်။

Burma Revolution Rangers အဖွဲ့က ကယ်ထုတ်ခဲ့သည့် စစ်မှုထမ်းတပ်သား
0 Shares:
You May Also Like
Read More

သရက်ချောင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ T 5 Wings က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။