တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်နိုင်စိုး(ခ) ကိုနိုင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာအတွင်း ဖမ်းဆီးရမိပြီး ထိန်းသိမ်း​ထားတာဖြစ်တယ်လို့သိရပါတယ်။

ကိုနိုင်နိုင်စိုး (ခ) ကိုနိုင်ရဲ့ ကားကို တားဆီးစစ်ဆေးရင်း ကိုနိုင်နဲ့အတူ (စကစ)ရုံးစာရွက်စာတမ်းတွေပါသိမ်းဆည်းရမိခဲ့ပြီး အချက်အလက်တချို့ကိုလည်း ဆက်လက်စစ်ဆေးနိုင်ခဲ့တယ်လို့ SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ဖော်ပြထားပါတယ်။

ပျူစောထီး ကိုနိုင်အနေနဲ့ ကျောက်နီမော်ရွာအတွင်း လက်နက်ကိုင်ဆောင်သွားလာရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အပြစ်မဲ့ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက်တာ၊ စစ်တပ်ရဲ့ပစ္စည်းဥစ္စာတွေကို သယ်ယူပေးတာ၊ ကျောက်နီမော်ရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခေါ်ယူနေထိုင်စေတာတွေအပြင် စစ်ကြောင်းထိုးရာမှာ လိုက်ပါတာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့လည်း သိရပါတယ်။

ဒီဝန်ခံထွက်ဆိုချက်တွေကို Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့ နဲ့ ပင်လယ်ကြယ်ဖွဲ့တို့က စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး စုံစမ်းတာနဲ့ ထပ်တူကျနေတဲ့အတွက် ထိန်းသိမ်းထားပြီးဖြစ်ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ကျောက်နီမော်ရွာ ပျူစောထီးကိုနိုင်နှင့် သိမ်းဆည်းရမိသည့် ဆက်စပ်ပစ္စည်းများ (ဓာတ်ပုံ SPECIAL GUERRILLA FORCE)

0 Shares:
You May Also Like
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်အုပ်စု စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တစ်လကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းရန်ကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာ

မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။