ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ဧပြီ ၃၀ ရက် ညပိုင်းကမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။

တောင်ငူလေတပ်စခန်း (ကေတုမတီ) ဟာ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းတောင်နဲ့ ပဲခူး အစရှိတဲ့ တောင်ပိုင်းတော်လှန်ရေးအင်အားစုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ လေတပ်စခန်းဌာနချုပ်ဖြစ်ပါတယ်။ ဒါ့အပြင် ငလျင်ကြောင့် ပျက်စီးသွားတဲ့ နေပြည်တော်အေလာလေတပ်စခန်း ပြုပြင်နေချိန်မှာ တိုက်လေယာဉ်တွေကို လက်ခံထားရှိနေတဲ့ နေရာဖြစ်တာကြောင့် လေတပ် နှိမ်နင်းရေးမစ်ရှင် BWM mission 36 အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ ၃၀ ရက် မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်အပြီး ၂၄ နာရီအတွင်းမှာပဲ တောင်ငူလေတပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းမှ ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၁၂၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မန္တလေး မဟာအောင်မြေမြို့နယ် ကမ္ဘောဇဘဏ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်ကိုင်ဆောင်ထားသူ ၁ ယောက် ဝင်ရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္မမြို့မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ကမ္မမြို့မှာ အရပ်သားပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
Read More

သရက်ကွပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

သာစည်အကျဉ်းထောင်နှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနောက်ဘက်ရှိ သာစည်အကျဉ်းထောင်နဲ့ ရဲစခန်းကို တိုက်ခိုက်ရာ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။