မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့ရှိ အိမ်ထောင်စုတွေကို ဧပြီလ(၂၇)ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က တွေ့ဆုံပြီး ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အပြစ်မဲ့ပြည်သူ (၅၀) ဝန်းကျင် အသက်ဆုံးရှုံးခဲ့ပြီး (၈၀) ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင်အိုးအိမ် များစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရက်ဝယ်ပြီး ပြန်လာသည့် စစ်အုပ်စု မြို့လယ်ခေါင်တွင် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၄ ဦး သေပြီး ၁ ဦး လွတ်မြောက်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 
Read More

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါ စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီ ဗျူဟာ(၂၉) ၏ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီ တိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)၊ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။
Read More

KNU ဗဟို၏ စစ်ရေးနှင့် နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၏ ဈာပနအခမ်းအနား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) စစ်ရေးနဲ့ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေးရဲ့ ဈာပနအခမ်းအနားပြုလုပ်တဲ့ ပုံရိပ်တွေကို KNU က မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။