ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။

AAC ဂေဟာ အဆောက်အဦးကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် သတိပေးစာ ကပ်ထားခဲ့တာပါ။

“ဒီကနေ့ Mayday နေ့မှာ (၁၀)နှစ်ကျော် အလုပ်သမားရေးအတွက် AAC-ဂေဟာအတွင်းအခက်အခဲရှိ လုပ်သားများ အခမဲ့ခိုလှုံ အခမဲ့ကျွေးမွေးနေတဲ့ အဆောက်အဦးကို ထိုင်းအစိုးရက ဥပဒေနဲ့ မညီဘူး အကြောင်းပြပြီး မြေပိုင်ရှင်ကို ဖိအားပေး အတင်းလာဖြိုနေကြတာကို ကြည့်ပြီး ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ… စိတ်ထဲတမျိုးကြီးခံစားရတယ်” လို့ AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက သူရဲ့ လူမှုကွန်ရက်မှာ ရေးသားမျှဝေထားပါတယ်။

AAC ရုံးဟာ ၂၀၁၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေ၊ ဒုက္ခရောက်နေသူတွေ ခေတ္တခိုလှုံရာအဖြစ် ရည်ရွယ် တည်ဆောက်ခဲ့တဲ့ အဆောက်အဦး ဖြစ်ပါတယ်။

“အခုက အစိုးရကနေ ဖိအားပေးတော့ မြေပိုင်ရှင်က အဖွဲ့ငှားပြီး လာဖျက်တာ။ မြေငှားစာချုပ်က တစ်နှစ်ကျန်ပါသေးတယ်။ ဖျက်ပြီး ကျန်တဲ့ ပစ္စည်းတွေဘာလုပ်မှာလဲမေးတော့ သူတို့က အကုန်ယူသွားမှာတဲ့။ ခုံတွေဆို ကျောင်းတွေကို လှူလို့ရတယ်လေ… ပစ္စည်းတွေက အသုံးချလို့ရတာတွေ အများကြီးပါ။ သူတို့ယူသွားမယ် ဆိုတာကကျ အဆင်မပြေပါဘူး။ ဒါတွေက အလှူငွေတွေနဲ့ ဝယ်ထားရတာတွေပါ” လို့ AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက မောင်းကို ပြောပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားပြီး အဆောက်အဦး ဖျက်ဆီးနေတာကို လတ်တလော တားထားပေမယ့် အဆောက်အဦးရဲ့ စားဖိုဆောင်ကတော့ ပျက်စီးသွားပြီလို့ သိရပါတယ်။

(ဓာတ်ပုံ Hla Khaing)

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

နှစ်ကုန်ပိုင်းမဟုတ်ရင် ၂၀၂၆ ခုနှစ်အစမှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင် စီစဥ်နေ…

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု အပါအဝင် သုံးစွဲသူ အချက်အလက်များကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့သည့် တယ်လီနောကို နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်

Justice For Myanmar (JFM) နဲ့ ICJ Norway တို့ဟာ နော်ဝေအခြေစိုက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
Read More

ကော့မြစ်ရေ ညစ်ညမ်းမှုကိစ္စ ဆွေးနွေးဖို့ ထိုင်းဒုဝန်ကြီးချုပ် မြန်မာပြည်သွားရန်စီစဉ်၊ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးကို အသုံးချဖို့ ထိုင်းအမတ်အဆိုပြု

ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။
Read More

အရပ်သားတွေကို တိုက်ခိုက်ရာတွင် စစ်တပ်က အသုံးပြုနေသည့် ကပစ-၂၁ က လေကြောင်းတိုက်ခိုက်ရေးဗုံးများ ထုတ်လုပ်မှုကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ကူညီထောက်ပံ့ပေးနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။